YBS ယာဉ်မောင်းအား ယာဉ်ပိုင်ရှင်တို့က ခြေထောက်နှင့်ကန်၊ ထိုးကြိတ်၊ လည်ပင်းညှစ်မှုဖြစ်ပွား


ရန်ကုန် မေ ၁၂

လှိုင်သာယာမြို့နယ် ကုလားကြီးစု ကျေးရွာအုပ်စု ရန်ကုန်- ညောင်တုန်း လမ်းမဘေးရှိ YBS 20 ကားအချင်းချင်း တိုက်မိကာလေကာမှန် နှစ်ချပ်ကွဲသော ကြောင့် ယာဉ်ပိုင်ရှင်က ယာဉ်မောင်းအား အလုပ်ဖြုတ်ပစ်မည်ဟုဆိုကာ ယာဉ် မောင်းလိုင်စင်များ သိမ်းဆည်း၍ ခြေ ထောက်ဖြင့် ကန်၊ ထိုးကြိတ်၊ လည်ပင်း ညှစ်ခြင်းများ ပြုလုပ်ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက် နံနက် ၁၁ နာရီခန့်က လှိုင်သာယာမြို့နယ် ကုလား ကြီးစုကျေးရွာအုပ်စု ရန်ကုန်- ညောင် တုန်းလမ်းမဘေးYBS- 20ကားရပ် နားဝင်းအတွင်းသို့ YBS-20(4N/---) ယာဉ်မောင်းဦးအောင်မြတ် ( ၃၃ နှစ်) သည် ကားဝင်းအတွင်း မြောက်မှ တောင် သို့ မောင်းနှင်လာစဉ် YBS-20 (4N/-----)ယာဉ်မောင်း ဦးကျော်မင်း ထွန်း(၃၈ နှစ်) အရှေ့မှအနောက်သို့ မောင်းနှင်လာသော ယာဉ်အားချိတ်မိခဲ့ ရာ လေကာမှန်နှစ်ချပ် ကွဲသွားခဲ့သဖြင့် ယာဉ်ပိုင်ရှင်များဖြစ်သော ဦးကျော်နေ ဝင်းနှင့် ဦးဇွဲနေဝင်းတို့က ဦးအောင်မြတ် အား ခြေထောက်နှင့် ကန်ခြင်း၊ ထိုးကြိတ် ခြင်း၊ လည်ပင်းညှစ်ခြင်းတို့ ပြုလုပ်ခဲ့ရာ ဦးအောင်မြတ်တွင် ဒဏ်ရာများရရှိခဲ့သည့် အပြင်အလုပ်မှ ထုတ်ပယ်မည်ဖြစ် ကြောင်း ပြောဆို၍ ဦးအောင်မြတ်နှင့် ဦးကျော်မင်းထွန်းတို့၏ ယာဉ်မောင်း လိုင်စင်များအား သိမ်းဆည်းခဲ့ကြောင်း၊ ဦးအောင်မြတ်သည်ရရှိသော ဒဏ်ရာ များအား လှိုင်သာယာပြည်သူ့ဆေးရုံသို့ သွားရောက်ပြသကာ ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စအပေါ် ဦးအောင်မြတ် က မေ ၁၁ ရက် နံနက် ၁ဝ နာရီခွဲခန့်က သောင်ကြီးနယ်မြေရဲစခန်းသို့ တိုင်တန်း ခဲ့ရာ ရဲစခန်းမှ တရားရုံးသို့ဦးတိုက် လျှောက်ထားပေးခဲ့သဖြင့် လှိုင်သာယာ မြို့နယ်တရားရုံးက ရာဇသတ်ကြီးအမှု အမှတ် (၁၃၉၈/၂ဝ၁၈)ဖြင့် တွဲဖက် တရားသူကြီး (၁) ဒေါ်သိင်္ဂီမြင့်အောင်က လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဓါတ်ပုံ - YBS 20 (fb)
မြို့နယ်( ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
YBS ယာဉ်မောင်းအား ယာဉ်ပိုင်ရှင်တို့က ခြေထောက်နှင့်ကန်၊ ထိုးကြိတ်၊ လည်ပင်းညှစ်မှုဖြစ်ပွား YBS ယာဉ်မောင်းအား ယာဉ်ပိုင်ရှင်တို့က ခြေထောက်နှင့်ကန်၊ ထိုးကြိတ်၊ လည်ပင်းညှစ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:26 Rating: 5
Powered by Blogger.