![]() |
မြစ်ကြီးနားမြို့နားကို ရောက်လာတဲ့ အိုးအိမ်စွန့်ခွာခဲ့ရသူတွေ |
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ USAID အဖွဲ့ရဲ့အကြီးအကဲ မိုက်ခ် ဂရင်း က စိန်ခေါ်မှုတွေ ရှိနေတဲ့အချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ဆက်သွယ် ဆောင်ရွက်မှုတွေ ကို ယုံကြည်တယ်၊ ဖွံ့ဖြိုးရေး ဆိုင်ရာ၊ လူသားချင်း ကူညီမှု ဆိုင်ရာ အထောက်အကူတွေ ကို ယုံကြည်တယ်၊ အမေရိကန်က လက်ရှိအခြေအနေတွေ ထဲ က နေ နောက်ဆုတ်သွားတာက အဲဒီစိန်ခေါ်မှုတွေအတွက် ပို ကောင်းလာလိမ့်မယ်လို့ မမြင်ဘူးလို့ ပြောရင်း မြန်မာနိုင်ငံကို အကူအညီတွေ ဆက်ပေး သွားမယ်လို့ ပြောခဲ့ပါတယ်။
လောလောဆယ် ပဋိပက္ခဖြစ်နေတဲ့ အရပ်ဒေသတွေမှာ အကူအညီလိုနေသူတွေအတွက် လူသားချင်းစာနာမှု ဆိုင်ရာ ထောက်ပံ့နိုင်ဖို့ ဒေါ်လာ ၁၄ သန်း ကူညီသွားမယ် လို့လည်း သူ က ကြေညာခဲ့ပါတယ်။
USAID အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး စတဲ့ ကဏ္ဍတွေအပါအဝင် အတော်များများ နေရာတွေမှာ အကူအညီတွေ ပေးနေခဲ့ရာမှာ ဒေါ်လာ သန်းရာနဲ့ချီ အကူအညီပေးနေတဲ့ အဖွဲ့ပါ။
![]() |
လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ရှိနေဆဲ |
ရခိုင်ပြည်မြောက်ပိုင်းမှာလည်း သိန်းနဲ့ချီတဲ့ မွတ်ဆလင်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အရေး ကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက လူမျိုးရေး ရှင်းလင်းမှု တခုအဖြစ် သတ်မှတ်ကာ စိုးရိမ်မကင်းဖြစ်နေတာပါ။
အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များနေတဲ့ မြန်မာနိုင်ငံ ကို အကူအညီ ပေးရေးနဲ့ပတ်သက်လို့ သက်ရောက်မှုတွေ ဘယ်လိုရှိလာမလဲဆိုတာ ကို စောင့်ကြည့်သုံးသပ်သူတွေ အများအပြားရှိနေပါတယ်။
အခုလို USAID က အကူအညီတွေ ဆက်ပေးမယ်ဆိုတာနဲ့ ပတ်သက်လို့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ မချယ်ရီဇဟောင်း က နိုင်ငံအနေနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ လိုအပ်နေတာမို့ USAID က ဆက်လက်ကူညီ ဆောင်ရွက်တာကို လက်ခံကြိုဆိုပေမယ့် စစ်တပ်က ကျူးလွန်မှုတွေ ကို နိုင်ငံတကာက လျစ်လျူမရှုသင့်ကြောင်းနဲ့ ဒီအကူအညီတွေ ပေးနေတာနဲ့ တပြိုင်နက် ကျူးလွန်သူတွေကို မျက်ကွယ်ပြုနေသလား ဆိုတာ ကို ကူညီသူတွေ အနေနဲ့အမြဲတမ်း ဆန်းစစ် သုံးသပ်ဖို့ လိုကြောင်း ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
USAID အကူအညီ သက်ရောက်မှု ဘာဖြစ်လာမလဲ
Reviewed by THITHTOOLWIN
on
08:59
Rating:
