တောင်ကြီး - ဟိုပုံး Toll Gate အသစ် လမ်းကြေးတိုးမြှင့်ကောက်ခံမှု ကုမ္ပဏီမှ ဖြေရှင်း


မေလ ၁၉ ရက် ၂၀၁၈

တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်ကြားရှိ နေမင်းရောင် Toll Gate မှ လမ်း ကြေးကောက်ခံရာ တွင်ယခင်ထက်ဈေးနှုန်းမြှင့်မားနေရခြင်းမှာ မြို့ဝင်ကြေး ၊ ဘီးခွန် ၊ လမ်းအသုံးပြုခ စသည်တို့ကို ပြေစာသီးခြား နှင့်ပေါင်းကောက် လိုက်ခြင်းကြောင့်ဖြစ် သည်ဟုနေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါ ရိုက်တာ ဦးဇော်မင်းတိုးက ပြောသည် ။

မေလ(၁၀)ရက်နေ့ကစတင်ဖွင့် လှစ်ခဲ့သော တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့ နယ်ကြားရှိ နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီ Toll Gate မှလမ်းကြေး ကောက်ခံရာတွင် ယခင်ကထက် ဈေးနှုန်းမြှင့်တက်နေကြောင်းဒေသခံများ က ကပြောဆိုနေကြသည် ။

“ တောင်ကြီး - ဟိုပုံး ၁၂ မိုင် အသွားကို အိမ်စီးကားတစ်စီးကို ၄၀၀ ကျပ် ၊ အပြန် ၆၀၀ ကျပ်ကောက်နေတာတော့မတရားကောက်ခံနေတာနဲ့တူတယ် ” ဟု တောင်ကြီးမြို့ဒေသခံ စိုင်းဆိုင် ကပြောသည် ။

တောင်ကြီးမှ ဟိုပုံးသို့အသွားတွင် တောင်ကြီးမြို့ဝင်ကြေး ၂၀၀ ကျပ် ၊ လမ်း အသုံးပြုခ ၂၀၀ ကျပ် စုစုပေါင်း ၄၀၀ ကျပ် ၊ ဟိုပုံးမှ တောင်ကြီးသို့ ပြန်လျှင် တောင်ကြီးမြို့ဝင်ကြေး ၂၀၀ ကျပ် ထပ်မံပေးဆောင်ရကြောင်း ၊ မြို့ဝင်ကြေး၊ နှင့် ဘီးခွန်များကောက်ခံရာတွင် သက်ဆိုင် ရာမြို့နယ်စည်ပင်သာယာရေး ဌာန မှ သတ်မှတ်ထားသည့်နှုန်း အတိုင်း ကောက်ခံကြောင်း ဦးဇော်မင်းတိုးကရှင်းပြသည် ။

“ တောင်ကြီး - လွိုင်လင်နှုန်း ၅၇ မိုင်စာ လမ်းအသုံးပြုခ ကိုကောက်ခံ တဲ့အခါမှာ တောင်ကြီး - ဟိုပုံး အထိ ၁၂ မိုင်ပဲသွားမယ်ဆိုရင် အဲ့ဒီကား တွေအတွက်နစ်နာတယ်လေ။ ဒါကြောင့် ထွေအုပ်ရုံးတွေမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေဆီမှာ မိမိကားနံပါတ်နဲ့စာရင်းပေးထားပြီး ဟိုပုံးက ကားတွေကို ဟိုပုံးအမှတ်တံဆိပ်နဲ့ စီစဉ်ပေးပြီး ၁၂ မိုင်စာပဲကောက်ဖို့ အတွက် ဆောင်ရွက်နေပါတယ် ”ဟု ၄င်းကဆက်လက်ပြောသည် ။

နေမင်းရောင်ကုမ္ပဏီမှ လမ်းအသုံးပြုခကောက်ခံရာတွင် အနည်းဆုံး အသုံးပြုခမှာ ၂၀၀ ကျပ်ကောက်ခံ လျှက်ရှိပြီး အများဆုံးအနေဖြင့် တွဲ ကားများကုန်မပါလျှင် ၃၂၀၀ ကျပ်နှင့် ကုန်ပါ ၁၂၀၀၀ ကျပ်ကောက် ခံလျှက်ရှိကြောင်းသိရသည် ။

နေမင်းရောင် ကုမ္ပဏီအနေဖြင့်တောင်ကြီးမြို့ သျှမ်းပြည်နယ်လွှတ်တော် ရုံးရှေ့မှစ၍ နမ့်စန်မြို့အထိ ၇၃ မိုင်အတွင်း BOT စနစ်ဖြင့် နှစ်လေးဆယ် လုပ်ပိုင်ခွင့် ရရှိထားသော်လည်း လတ်တလောတွင် ၂၅ မိုင် ၆ ဖာလုံသာ BOT နှုန်းဖြင့် ကောက်ခံခွင့်ရှိကြောင်း၊ မိုင်းပွန်တံတားဂိတ် ၊ လွိုင်လင်မြို့ အ၀င်ဂိတ် ၊ နမ့်စန်မြို့အ၀င်ဂိတ် များကိုလည်းအဆိုပါကုမ္ပဏီမှ Toll Gate အဖြစ်အဆင့်မြှင့်တင်ဆောက်လုပ် သွားမည်ဖြစ်ကြောင်းသိရသည် ။

သျှမ်းသံတော်ဆင့်/ ယိင်းတိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
တောင်ကြီး - ဟိုပုံး Toll Gate အသစ် လမ်းကြေးတိုးမြှင့်ကောက်ခံမှု ကုမ္ပဏီမှ ဖြေရှင်း တောင်ကြီး - ဟိုပုံး Toll Gate အသစ် လမ်းကြေးတိုးမြှင့်ကောက်ခံမှု ကုမ္ပဏီမှ ဖြေရှင်း Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.