MyTel စတင်မယ့်အကြောင်း ဗီယက်နမ်အစိုးရကြေညာ


ဗီယက်နမ် တပ်မတော်ပိုင် Viettel တယ်လီဖုန်းကုမ္ပဏီဟာ မြန်မာနိုင်ငံက Star High ခေါ် ဒေသခံမြန်မာကုမ္ပဏီ၊ မြန်မာအမျိုးသား ဆက်သွယ်ရေး ဦးပိုင်ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး Mytel ခေါ် ပထမဆုံး 4G LTE တယ်လီဖုန်းလုပ်ငန်းကို မကြာခင် စတင်တော့မှာဖြစ်ကြောင်း ဗီယက်နမ်အစိုးရက ဒီကနေ့ ကြေညာပါတယ်။

Mytel အနေနဲ့ မြန်မာနိုင်ငံမှာ စတုတ္ထမြောက် တယ်လီဖုန်းဝန်ဆောင်မှု ကုမ္ပဏီဖြစ်လာမှာဖြစ်ပြီး ဒီနှစ်ကုန်မှာ တယ်လီဖုန်းဝန်ဆောင်မှု ဝယ်ယူသုံးစွဲသူ ၂ သန်းကနေ ၃ သန်းအကြား ရှိမယ်လို့လည်း ဗီယက်နမ်အစိုးရက ပြောပါတယ်။

ဗီယက်တဲလ်ကုမ္ပဏီဟာ ဗီယက်နမ်မှာ သုံးစွဲမှုအများဆုံး ကုမ္ပဏီဖြစ်ပြီး အာရှ၊ အာဖရိကနဲ့ အမေရိက ၁ဝ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။ ဒီ ၁ဝ နိုင်ငံက စုစုပေါင်း သုံးစွဲသူအရေအတွက်ဟာ စုစုပေါင်း ၄၃ သန်းရှိတယ်လို့ ဒီကနေ့ ဗီယက်နမ်အစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
MyTel စတင်မယ့်အကြောင်း ဗီယက်နမ်အစိုးရကြေညာ MyTel စတင်မယ့်အကြောင်း ဗီယက်နမ်အစိုးရကြေညာ Reviewed by THITHTOOLWIN on 23:22 Rating: 5
Powered by Blogger.