![]() |
ချယ်လ်ဆီးအတွက် ပန်နယ်လ်တီဂိုး သွင်းယူနေသည့် Hazard ။ မေ ၁၉၊ ၂၀၁၈။ |
ပထမပိုင်း ၂၂ မိနစ်မှာ ချယ်လ်ဆီးရတဲ့ ပန်နယ်လ်တီဂိုးကို Hazard က သွင်းယူပြီး တလုံးတည်းသော အနိုင်ဂိုးကို ရသွားတာပါ။
ဒုတိယပိုင်း အချိန်အများစုမှာ မန်ယူက ဖိကစားပေမဲ့လည်း ရတဲ့အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ဘဲ အရေးနိမ့်သွားတာပါ။
ဒီဖလားဟာ ချယ်လ်ဆီးအသင်းအဖို့ ဒီနှစ်ဘောလုံးရာသီအတွက် တလုံးတည်းသော ချန်ပီယံဖလားဖြစ်ပြီး မန်ယူအသင်းအတွက်တော့ ဖလားလက်မဲ့ ဘောလုံးရာသီဖြစ်သွား ပါပြီ။
ချယ်လ်ဆီးအသင်းဟာ FA Cup ပြိုင်ပွဲမှာ ဒီနှစ်နဲ့ဆိုရင် ဗိုလ်လုပွဲ ၁၃ ကြိမ်တက်ပြီး ဒီတကြိမ်နဲ့ဆို ၈ ကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပါတယ်။
![]() |
မန်ယူနည်းပြ ဂျိုဆေး မော်ရင်ညို (ဝဲ) နှင့် ချယ်လ်ဆီးနည်း ကွန်တီ။ ၁၉ မေ ၂၀၁၈။ |
မန်ယူအသင်းကတော့ FA Cup ဗိုလ်လုပွဲ အကြိမ် ၂၀ တက်ဖူးပြီး ၁၂ ကြိမ်ဗိုလ်စွဲထား ပါတယ်။ FA Cup မှာ အာဆင်နယ်အသင်းက ၁၃ ကြိမ်နဲ့ အများဆုံး ဗိုလ်စွဲထားပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
FA Cup ချန်ပီယံ ချယ်လ်ဆီး
Reviewed by THITHTOOLWIN
on
09:00
Rating:
