မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် ခရီးသည်တင် Express ယာဉ်တစ်စီး တိမ်းမှောက်


မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ မကျည်းချိုကျေးရွာအနီးရှိ မင်္ဂလာတံတားအကွေ့တွင် မေ ၃၀ ရက်၊ နံနက် (၅) နာရီခွဲခန့်က ခရီးသည်တင် Express ယာဉ်တစ်စီး လမ်းချော်ပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့် မန္တလေးမှ မူဆယ်သို့သွားမည့် ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သော်လည်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ခရီးသည်များ အပါဝင် မည်သူမျှ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း သိရသည်။

"အခုဖြစ်တဲ့နေရာက အရမ်းမှောင်နေတဲ့အပြင် မန္တလေးဘက်ကနေ မေမြို့ဘက်ကိုသွားရင် လမ်းက အဖြောင့် ဆိုပေမယ့် တံတားကျော်လိုက်မှ အကွေ့ဆိုတာမြင်ရတယ်။ အဲဒီနေရာက လမ်းပြဆိုင်းဘုတ်လည်းမရှိတော့ သတိထားပြီး မောင်းစေချင်ပါတယ်။ ညအချိန်မတော်များ အဲဒီအနား ရောက်ရင် တံတားကျော်တယ်ဆိုရင် အ သေအချာလေးနဲ့ သတိထားမောင်းစေလိုပါတယ်။ ကားတွေလည်း မကြာခဏစလစ်ဖြစ်ပါတယ်။"ဟု မကျည်းချို ကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကို ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မန္တလေးနှင့် ပြင်ဦးလွင်တို့မှ လူမှုကူညီရေး အသင်းများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှ ယာဉ်မောင်းကို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတွင် မုန်တိုင်းအခြေအနေကြောင့် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေသဖြင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတလျှောက်နှင့် မန္တလေး-ပြင်ဦးလွင် အတက်အဆင်းလမ်းများတွင်မောင်းနှင်နေသည့် ခရီး သည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များအနေဖြင့် စနစ်တကျမောင်းနှင်ကြရန်နှင့် ဖြည်းညင်းစွာ မောင်းနှင် ကြရန် မန္တလေး ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် ခရီးသည်တင် Express ယာဉ်တစ်စီး တိမ်းမှောက် မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် ခရီးသည်တင် Express ယာဉ်တစ်စီး တိမ်းမှောက် Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.