မွတ်ဆလင် ၉၀ ရာခိုင်နှုန်းကျော်နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ခရစ်ယာန် ၊ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း ရှိနေ |
မိနစ်ပိုင်းသာခြားပြီး ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေကြောင့် အနည်းဆုံး ၄၀ လောက် ဒဏ်ရာရရှိခဲ့ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
ရုပ်သံပြကွက်တွေမှာတော့ ဘုရားရှိခိုးကျောင်းတခုရဲ့ အဝင်ဝတဝိုက်မှာ အပျက်အစီးတွေ ပျံ့ကျဲနေတာတွေ့ရပါတယ်။
မွတ်ဆလင်အများစုနေထိုင်တဲ့ အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့လတွေအတွင်း အစ္စလာမ်စစ်သွေးကြွတွေ ပြန်လည်ခေါင်းထောင်လာတဲ့ လက္ခဏာတွေလည်း တွေ့မြင်နေရတာပါ။
ဒေသစံတော်ချိန် ၇ နာရီခွဲလောက်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကို ဆန့်ကျင်ပြီး ဖျက်လိုဖျက်ဆီးလုပ်လိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်ပါတယ်။
ဂျမားအန်ရှရွတ် ဒေါလာ JAD ဆိုတဲ့ အိုင်အက်စ်ကနေ မြှောက်ပင့်ပေးနေတဲ့အဖွဲ့ဟာ ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ ပါဝင်နိုင်တဲ့အဖွဲ့အဖြစ် သံသယရှိနေတယ်လို့ အင်ဒိုနီးရှား စုံစမ်းထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲ Wawan Purwanto က ပြောပါတယ်။
ဒီဗုံးဖောက်ခွဲမှုဟာ ဒီလအစောပိုင်းက ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ ဆက်နွှယ်ဖွယ်ရှိပြီး အဲဒီတုန်းက ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကာ အဲဒီပေါက်ကွဲမှုဟာ ဂျာကာတာမြို့ ဆင်ခြေဖုံးက လုံခြုံရေးအဆင့်မြင့်မားပြီး အစ္စလာမ်မစ် စစ်သွေးကြွတွေကို ဖမ်းဆီးထားတဲ့ အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တာပါ။
တချိန်တည်းမှာပဲ JAD အဖွဲ့ဝင်လို့ သံသယရှိသူ ၄ ဦးကို စီယန်ဂျာဆိုတဲ့မြို့မှာ သုတ်သုင်နိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မွတ်ဆလင် ၉၀ ရာခိုင်နှုန်းကျော်နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ခရစ်ယာန် ၊ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း ရှိနေတာဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဘုရားကျောင်းဗုံးခွဲတိုက်ခိုက်ခံရမှု အနည်းဆုံး ၁၀ ဦးသေ
Reviewed by THITHTOOLWIN
on
17:18
Rating: