တိုင်းအစိုးရလုပ်ငန်းတွေကို စစ်ဆေးဖို့အဆို လွှတ်တော်မှာဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကျင်းပနေစဉ်/ Photo: yangon hluttaw Facebook
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်း ၃ ခု ကို တိုင်းစာရင်းစစ်ချုပ်ရုံးကနေ စစ်ဆေးပြီး လွှတ်တော်ထံတင်ပြပေးဖို့ ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ အဆိုကို ဒီနေ့ တိုင်းဒေသလွှတ်တော်မှာ ကိုယ်စားလှယ် ၄ ဦးက ဆွေးနွေးပြီး လာမယ့် ဇွန်လ ၄ရက်နေ့မှာ အတည်ပြုချက် ရယူတာတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အဲဒီအဆိုကို ပါဝင်ဆွေးနွေးခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း က  အခုလိုပြောပါတယ်။

"တိုင်းအစိုးရ က တာဝန်ခံပြီး ရင်းနှီးမြှုပ်နှံဖို့ တင်ပြထားတာဖြစ်တဲ့အတွက် စစ်ဆေးသင့်ကြောင်း ထောက်ပြခဲ့တယ်"

၂ဝ၁၆-၂ဝ၁၇ ခုနှစ်၊ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က City Bank မှာ ၆၄ ဘီလီယံ ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်တာ၊  ခရီးသည်တင်မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီမှာ ၇၀ ဘီလီယံ ထည့်ဝင်တာ၊ လယ်ယာမြေတွေ ပြုပြင်မယ့်လုပ်ငန်းအတွက် ကျပ်သန်း ၈ ထောင်နီးပါး ထည့်ဝင်သုံးစွဲတာ လွှတ်တော်က ခွင့်ပြုထားတာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက လာမယ့် ၂ဝ၁၈ ခုနှစ်၊ (၁)နှစ်ပြည့် အစီရင်ခံစာမှာ တင်ပြဆွေးနွေးပေးဖို့ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက အဆိုတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအဆိုကို ပြည်သူ့ငွေစာရင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဝင်းက ထောက်ခံခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
တိုင်းအစိုးရလုပ်ငန်းတွေကို စစ်ဆေးဖို့အဆို လွှတ်တော်မှာဆွေးနွေး တိုင်းအစိုးရလုပ်ငန်းတွေကို စစ်ဆေးဖို့အဆို လွှတ်တော်မှာဆွေးနွေး Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.