ဇင်ဘာဘွေသမတ Mnangagwa နန်းဂါဂွားက သမတသစ်ရွေးကောက်ပွဲကို လာမယ့် ဇူလိုင်လ ၃ဝ ရက်နေ့ ကျင်းပမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ဒါ့အပြင် လွတ်တော်ကိုယ်စားလှယ်တွေနဲ့ ကောင်စီဝင်တွေ ကိုလည်း အဲဒီတရက်တည်းမှာ ရွေးချယ်မှာဖြစ်ပါတယ်။
ဒါဟာ အာဏာရှင် မူဂါဘီးကို ပြီးခဲ့တဲ့ နိုဝင်္ဘာလမှာ ဖယ်ရှားပြီး နောက်ပိုင်း ဇင်ဘာဘွေးမှာ ပထမဆုံးကျင်းပမယ့် ရွေးကောက်ပွဲတွေဖြစ်ပါလိမ့်မယ်။
အဲဒီရွေးကောက်ပွဲတွေကို ဥရောပအနောက်နိုင်ငံတွေက လေ့လာသူတွေ သွားရောက်စောင့်ကြည့်မယ်လို့လည်း သိရပါတယ်။
အခုလို ရွေးကောက်ပွဲတွေကျင်းပဖို့ ပြင်ဆင်နေစဉ်အတွင်း အကျင့်ပျက်ခြစားမှု နဲ့ တရားစွဲခံနေရတဲ့ သမတဟောင်း မိုဂါဘီးကို တရားရုံးလာရောက်ထွက်ဆိုဖို့ ဇင်ဘာဘွေ လွတ်တော်က အင်္ဂါနေ့မှာ ရာဇသံပေးခဲ့ပါတယ်။
ဇင်ဘာဘွေရဲ့ နံမည်ကျော် စိန်ထုတ်လုပ်မှုလုပ်ငန်းကရတဲ့ တိုင်းပြည်ဘဏ္ဍာငွေ ဒေါ်လာ ၁၅ ဘီလီယံကို ကိုယ်ကျိုးသုံးမှုအတွက် တနင်္လာနေ့က တရားရုံးလာရောက်ဖို့ ဆင့်ခေါ်တာကို မိုဂါဘီး ကငြင်းဆန်ခဲ့ပါတယ်။
လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ နောက်တချိန်ပြုလုပ်မယ့် ရုံးချိန်းကို လာဖို့ ပျက်ကွယ်ရင် မျက်ကွယ်မှာ စစ်ဆေးမယ်လို့ လွတ်တော်က ပြောပါတယ်။ အဲဒီလို စစ်ဆေးရင် ထောင်ဒဏ်ကျဖွယ် ရှိတယ်လို့ ဆိုပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဇင်ဘာဘွေ သမတရွေးပွဲ ဇူလိုင် ၃ဝ ကျင်းပမယ်
Reviewed by THITHTOOLWIN
on
10:06
Rating: