ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ရွာတွင် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်သူ ဖမ်းဆီးခံရ


နိရဉ္စရာ၊ မေ ၂၇

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာတွင် မေလ ၂၆ ရက်နေ့ ညနေက ရခိုင်အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် အမျိုးသားတစ်ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။

အဓမ္မပြုကျင့်ရန် ကြံစည်သူမှာ အနောက်ပြင်မူဆလင်ရွာမှ ဘင်္ဂလီလူမျိုး မတာမီ (၂၉ ) ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၆ ရက်နေ့ ညနေ ၅ နာရီ မိနစ်၄၀ ခန့်က (ဘ) ဦးမောင်မောင် (အမိ) ဒေါ်မကြီး၏ သမီး ----(၁၅) နှစ်သည် ရွာအရှေ့ဘက် ချောင်းစပ်တွင် အလေးစွန့်ပြီး အထတွင် အဆိုပါဘင်္ဂါလီက အဓမ္မကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ရွှေလောင်းတင် အုပ်ချုပ်ရေးမှူး ဦးခင်ထွန်းအေးက ပြောသည်။

“အမျိုးသမီးငယ်က ကြံစည်တဲ့သူနဲ့ လုံးထွေးပြီး လက်တွေကိုက်၊ နှာခေါင်းတွေ မျက်နှာတွေကို လက်သည်းနဲ့ ကုတ်ပြီး ရုန်းကန်ထွက်ပြေးလွတ်မြောက်ပြီး အနီးမှာ မြေကြီးတူးနေတဲ့ အမျိုးသမီးကြီးတစ်ဦးနဲ့ အမျိုးသမီးကြီးရဲ့ သမီးကို သူ့မကို ကြံစည်တဲ့အကြောင်းကို သွားပြောတယ်လို့ သိရပါတယ်။ အဲ့ဒီ သားမိနှစ်ယောက်က ဘောလုံးကန်နေတဲ့ လူငယ်တွေကို ဘင်္ဂါလီတစ်ဦး ကြံစည်တဲ့အကြောင်းကို အော်ပြောပြီး အသိပေးလိုက်တယ်လို့ သိရပါတယ်”ဟု ဦးခင်ထွန်းအေးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါကြံစည်သူသည် လုံချည်ခြုံပြီး အနောက်ပြင် ဘင်္ဂါလီရွာသို့ ၀င်ပြေးသွားသည်ကို ဘောလုံးကန်နေကြသည့် လူငယ်များက လိုက်ပါသွားသော်လည်း ရွာထဲတွင် ရှာမတွေ့သဖြင့် ရွှေလောင်းတင်ရွာသို့ ပြန်လာပြီး ရွာသားများကို အသိပေးခဲ့သည်ဟု ဆိုသည်။

“ကျနော်ကလည်း နယ်ခြားစောင့်စခန်းတွေကို သတင်းပို့တယ်။ မြို့နယ်ရဲတွေကို သတင်းပို့တဲ့ အတွက် နယ်ခြားစောင့်တပ်ဖွဲ့က အချိန်မီလိုက်ပါသွားပြီး ကြံစည်တဲ့ဘင်္ဂါလီကို မနေ့က ညနေ ၈ နာရီကျော်လောက်မှာ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်”ဟု ရွှေလောင်းတင် အုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ ပြစ်မှုကျူးလွန်သည့် ဘင်္ဂါလီအား ယနေ့နံနက်က စေတီပြင်ရဲစခန်းတွင် သွားရောက် အမှုဖွင့်ခဲ့ပြီး၊ သူ့ကို ရသေ့တောင်ရဲစခန်းသို့ ပို့လိုက်ပြီဟု သိရှိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ရွာတွင် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်သူ ဖမ်းဆီးခံရ ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ရွာတွင် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်သူ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.