တရုတ်ပြည်က ကျောင်းဆရာတွေ ဆန္ဒပြပွဲ ရဲက အကြမ်းဖက်ဖြိုခွဲ


တရုတ်ပြည်အလယ်ပိုင်းမှာ ကျောင်းဆရာတွေရဲ့ ဆန္ဒပြပွဲကို အကြမ်းဖက်အင်အားသုံးပြီး ဖြိုခွဲခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်အပေါ် လူမှုမီဒီယာတွေမှာ ကန့်ကွက် ရှုတ်ချနေကြပါတယ်။

အန်းဟွိုင်ခရိုင်က မြို့ငယ်လေးတစ်ခုမှာ တနင်္ဂနွေနေ့က ဆရာ၊ ဆရာမ ၂၀၀ ၀န်းကျင်က သူတို့ရစရာရှိတဲ့ လစာငွေကြွေးကျန်တွေနဲ့ တခြားခံစားခွင့်တွေအတွက် ဒေသဆိုင်ရာ အစိုးရရုံးဆီကို ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြ ကျောင်းဆရာ၊ ဆရာမတွေကို ရဲတပ်ဖွဲ့က ရိုက်နှက် လူစုခွဲခဲ့တယ်ဆိုတဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ လူမှုသတင်းမီဒီယာတွေမှာ ထွက်ပေါ်လာခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူတွေဟာ ၀န်ထမ်းစည်းမျည်းတွေနဲ့ ငြိမ်ဝပ်ပိပြားရေးကို ချိုးဖေါက်ခဲ့ကြတယ်လို့ ရဲ ဘက်က ပြောဆိုပြီး၊ ထိန်းသိမ်းထားသူတွေကို နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

တရုတ်ပြည်က ကျေးလက်ဒေသတွေနဲ့ အစွန်အဖျားက ဒေသတွေမှာ ကျောင်းဆရာတွေ လုပ်ခလစာ နည်းပါးလွန်းလှတာကြောင့် စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမ ရှားပါးတဲ့ပြဿနာနဲ့ ကြုံတွေ့နေရ တယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တရုတ်ပြည်က ကျောင်းဆရာတွေ ဆန္ဒပြပွဲ ရဲက အကြမ်းဖက်ဖြိုခွဲ တရုတ်ပြည်က ကျောင်းဆရာတွေ ဆန္ဒပြပွဲ ရဲက အကြမ်းဖက်ဖြိုခွဲ Reviewed by THITHTOOLWIN on 12:18 Rating: 5
Powered by Blogger.