ကမ္ဘောဒီးယားနိုင်ငံအနောက်တောင်ပိုင်းက ခိုခွန်းဒေသမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မိုးကြိုးပစ်ချခံရမှုကြောင့် အသက် ၄ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။
သေဆုံးသူတွေထဲက ၃ ဦးဟာ မိသားစုတစ်ခုထဲက ဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ မြစ်ချောင်း၊ အင်းအိုင်တွေပေါများပြီး ရာသီဥတုဖောက်ပြန်တဲ့အခြေအနေ ဆိုးဝါးလာမှုနဲ့အတူ မိုးကြိုးပစ်ခံရမှုကြောင့် လူသေဆုံးရမှုတွေလည်း နှစ်စဉ်တိုးများလာနေပါတယ်။
မနှစ်က အခုလိုအချိန်အထိ သေဆုံးသူ ၄၁ ဦးရှိခဲ့ပေမယ့် ဒီနှစ်ထဲမှာတော့ သေဆုံးသူ ၅ဝ ဦးရှိသွားပြီ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားအစိုးရအနေနဲ့လည်း မိုးသည်းထန်ချိန် သစ်ပင်တွေအောက်မှာ မိုးမခိုကြဖို့၊ ရေထဲမှာ မနေကြဖို့ ကျေးလက်တောရွာတွေမှာ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ကမ္ဘောဒီးယားမှာ မိုးကြိုးပစ်ခံရမှုကြောင့် ၅ ဦး သေဆုံး
Reviewed by THITHTOOLWIN
on
08:57
Rating:
