လေပြင်းတွေတိုက်ပြီး မိုးကြိုးတွေပစ် |
လေပြင်းတွေတိုက်ပြီး မိုးကြိုးတွေပစ်လို့ ရွာတွေမှာ အိမ်တွေပြိုကျပြီး အများအပြား ဒဏ်ရာရကြပါတယ်။
အရှေ့ပိုင်းက ဘီဟာ ပြည်နယ်မှာ အဆိုးဆုံး ပစ်ခံရပြီး လူ ၂ဝ သေဆုံးတယ်လို့ အတည်ပြု နိုင်ခဲ့ပါတယ်။
ဒါဟာ အိန္ဒိယ မြောက်ပိုင်းမှာ သဲမုန်တိုင်းကြောင့် လူတရာကျော် သေဆုံးပြီး ရက်သတ္တပတ်တွေအတွင်း ထပ်ဖြစ်တာပါ။
အိန္ဒိယမှာ မုတ်သုန် ဝင်လာရင် မိုးကြိုးပစ်တာတွေ ဖြစ်တတ်ပါတယ်။
မြောက်ပိုင်းက ဥတ္တရာခန် ပြည်နယ်မှာ သစ်ပင်လဲပြီး ကလေး သုံးယောက် သေဆုံးတယ်လို့လည်း သိရပါတယ်။
မိုးကြိုး ပစ်တဲ့အခါမှာ လုံခြုံရေး
အဆောက်အအုံကြီးကြီး ဒါမှမဟုတ် ကားထဲမှာ ခိုလှုံဖို့
တောင်ကုန်းထိပ် နဲ့ ကွင်းပြင်တွေမှာ မနေဖို့
ခိုလှုံစရာ မရှိရင်တောင် မြေကြီးပေါ်မှာ ပြားပြားမှောက်နေဖို့
သစ်ပင်ထီးထီး အောက်မှာ မနေဖို့
ရေထဲမှာ ဆိုရင် ကုန်းပေါ် အမြန်တက်ပြီး ကမ်းခြေသောင်ပြင်မှာ မနေဖို့ လိုတယ်
မိုးကြီးပြီး သစ်ပင်တွေလဲကျ |
အခု သေဆုံးသူ အများစုက မိုးကြိုးနဲ့ လေပြင်းကြောင့် အိမ်တွေပြိုပြီး သေကြတာပါ။
၁၃ နာရီ အတွင်း မိုးကြိုး အကြိမ် ၃၆ဝဝဝ ကျော် ပစ်ချတယ်လို့လည်း အိန္ဒိယ အစိုးရက မှတ်တမ်းတင်ထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
အိန္ဒိယမှာ မိုးကြိုးကြောင့် လူ ၅ဝ သေဆုံး
Reviewed by THITHTOOLWIN
on
19:20
Rating: