အထူးအဖွဲ့ ဖွဲ့၍ တောဆင်ရိုင်း သတ်ဖြတ်သူများအား ဖော်ထုတ်အရေးယူလျက်ရှိ |
၂၀၁၈ ခုနှစ်၊ မေလ ၂၇ ရက်နေ့ နံနက် ၁ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ဥက္ကံနယ်မြေရဲစခန်း(ပ)၆/၂၀၁၇၊ (ပ)၁၄၇/၂၀၁၇၊ (ပ)၄၀/၂၀၁၈ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝ အပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က) အမှုများမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံများအနက် မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာနေ မောင်ကြာ(ခ)ကြာလုံ(၄၅)နှစ်အား ဖမ်းဆီးရမိသဖြင့် စစ်ဆေးရာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ၎င်းနှင့် မင်းတုန်းမြို့နေ ထွန်းနိုင်၊ မောင်မြင့်(၃၀)နှစ်၊ စိစစ်ဆဲအမျိုးသား(၂)ဦး ပေါင်း(၅)ဦး အဖွဲ့သည် တောဆင်ရိုင်းပစ်ရန် တူမီးသေနတ်(၄)လက်ဖြင့် ဥက္ကံမြို့၊ သစ်တောကြိုးဝိုင်းအမှတ်(၇၆)သို့ ရောက်ရှိခဲ့ပြီး ဗွတ်မြောင်သို့သွားရောက်ခဲ့ကြောင်း၊ ၎င်းနောက် တောဆင်ရိုင်းအမ(၁)ကောင်အား အဆိပ်ပါသောမြားဖြင့် ပစ်သတ်ခဲ့ပြီး ဆင်သေအား ၎င်းနေရာတွင် နှာမောင်းဖြတ်ခြင်း၊ အရေခွံ ခွာခြင်း၊ မီးခိုးကြပ်တိုက်ခြင်းများပြုလုပ်၍ ရန်ကုန်မြို့တွင်နေထိုင်သူ အမျိုးသား(၁)ဦး(စိစစ်ဆဲ) ထံသို့ (၁)ပိဿာလျင်(၃)သောင်းကျပ်ဖြင့် ပိဿာ(၄၀)ရောင်းချခဲ့ရာ ၎င်းမှ ဝေစုကျပ်(၂)သိန်း ရရှိခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ၎င်းတို့(၅)ဦးသည် ဥက္ကံမြို့၊ သစ်တောကြိုးဝိုင်းအမှတ်(၇၄)သို့ သွားရောက်၍ တောဆင်ရိုင်း(၁)ကောင်အား တူမီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး အဆိုပါ နေရာတွင် အရေခွံခွာခြင်း၊ မီးခိုးကြပ်တိုက်ခြင်းများ ပြုလုပ်၍ ရန်ကုန်မြို့တွင်နေထိုင်သူ အမျိုးသား (၁)ဦး(စိစစ်ဆဲ)ထံသို့ ရောင်းချခဲ့ရာ ၎င်းမှ ဝေစု(၂)သိန်းခွဲကျပ်ရရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ မတ်လ တွင် ၎င်းတို့(၅)ဦးသည် ဥက္ကံမြို့၊ သစ်တောကြိုးဝိုင်းအမှတ်(၇၄)သို့ ထပ်မံသွားရောက်ခဲ့ပြီး အသက် (၅)နှစ်ခန့်ရှိ တောဆင်ရိုင်း(၁) ကောင်အား တူမီးသေနတ်ဖြင့် အဆိပ်လူးမြားထည့်၍ ပစ်ခတ်သတ် ဖြတ်ခဲ့ပြီး အရေခွံခွာခြင်း၊ မီးခိုး ကြပ်တိုက်ခြင်းများပြုလုပ်၍ ရန်ကုန်မြို့တွင်နေထိုင်သူ အမျိုးသား (၁)ဦး(စိစစ်ဆဲ)ထံသို့ ရောင်းချခဲ့ရာ ၎င်းမှ ဝေစု(၁)သိန်းခွဲကျပ်ရရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။
၂၀၁၈ ခုနှစ်၊ မေလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် မင်းတုန်းမြို့၊ (၃)ရပ်ကွက် (ချင်းကုန်း)၌ ထွန်းနိုင်(၄၅)နှစ်နှင့် ညီဖြစ်သူ မောင်မြင့်(၄၂)နှစ် တို့(၂)ဦးအား ဖမ်းဆီး ရမိခဲ့သဖြင့် ၎င်းတို့(၃)ဦးအား အမှုဖြင့်ဆက်လက်စစ်ဆေးလျက်ရှိကြောင်းနှင့် ၂၀၁၇-၂၀၁၈ ခုနှစ် အတွင်း တောဆင်ရိုင်းများ တရားမဝင်သတ်ဖြတ်မှုအရေအတွက် တိုးပွားလာခြင်းကြောင့် တောဆင် ရိုင်းများသတ်ဖြတ်မှု လျော့နည်းကျဆင်းရေးအတွက် တောဆင်ရိုင်းများသတ်ဖြတ်ခံရသည့် ဒေသ များနှင့် တောဆင်ရိုင်းများမှ ထွက်ရှိသော ဆက်စပ်ပစ္စည်းများ သယ်ဆောင်ရာလမ်းကြောင်းများကို ပိတ်ဆို့ရှာဖွေဖမ်းဆီး ဖော်ထုတ်နိုင်ရေးအတွက် ပူးပေါင်းအထူးအဖွဲ့အား ဖွဲ့စည်း၍ အလေးထား စုံစမ်းဖမ်းဆီး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia/
တိုက်ကြီး မြို့နယ်တွင် တောဆင်ရိုင်း သတ်ဖြတ်သူများအား ဖော်ထုတ်အရေးယူ
Reviewed by THITHTOOLWIN
on
06:47
Rating: