ပင်လည်ဘူး မေ ၂၉
စစ်ကိုင်းတိုင်းဒသကြီး ကသာခရိုင် ပင်လည်ဘူး မြို့နယ် ပြစ်ဆိုင်ကျေးရွာအုပ်စု၊ အထက်ပြစ်ဆိုင်ကျေးရွာ၌ မေ ၂၈ ရက် နေ့လည် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးထစ်ချုန်းခြင်းကြောင့် အထက်ပြစ်ဆိုင်ကျေးရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာ လယ်တောအစပ်ရှိ နွားလှန်ခုံစားကျက်တွင် ကျက်စားနေသော နွား ၁၆ ကောင် မိုးကြိုးစက်ကွင်းမိ၍ သေဆုံးသွားကြောင်း သိရပါသည်။
အဆိုပါ နွားများမှာ အထက်ပြစ်ဆိုင် ကျေးရွာနေ ဦးသိန်းအောင်၏ (၇)မိုးခန့်ရှိ နွားမ ၅ ကောင် ၊ (၂)မိုးခန့်ရှိ နွားထီး ၄ ကောင်၊ ဦးစင်းမောင်၏ (၇)မိုးခန့် နွားမ ၂ ကောင်၊ (၁) မိုးခန့်ရှိ နွားထီး ၂ ကောင်၊ ဦးသောင်းလွင်၏ (၅)မိုးခန့်ရှိ နွားထီး ၁ ကောင်နှင့် ဦးသိန်းလွင်၏ (၁)မိုးခန့်ရှိ နွားထီး ၂ ကောင်၊ စုစုပေါင်း နွား ၁၆ ကောင် မိုးကြိုးစက်ကွင်းမိ၍ သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။
မျိုးလွင်(ပင်လည်ဘူး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပင်လည်ဘူးမြို့၌ မိုးကြိုးစက်ကွင်းမိ၍ နွား ၁၆ ကောင်သေဆုံး
Reviewed by THITHTOOLWIN
on
17:09
Rating: