မော်လမြိုင်၊ မေ ၂၉
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး၊ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်၏ သဘောဆန္ဒအလျှောက်ရာထူးမှ နုတ်ထွက်ခြင်းကို သမ္မတမှ ခွင့်ပြုကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
ဦးမင်းထင်အောင်ဟန်သည် မော်လမြိုင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရပြီး ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူလည်း ဖြစ်သည်။
ဦးမင်းထင်အောင်ဟန်မှာ ပြည်နယ်အစိုးရအဖွဲ့မှ နှုတ်ထွက်သော်လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမည်ဖြစ်သည်။
ယနေ့မနက်က ကျင်းပခဲ့သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ မီတာပေါက်သုံးစွဲနေမှုနှင့် ပတ်သက်ပြီး မေးခွန်းတွင် ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြည်သူများအနေဖြင့်များများတိုင်ကြရန် တိုက်တွန်းခဲ့သည်။
သတင်း - သံလွင်တိုင်းမ်
Than Lwin Times
မွန်ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး တာဝန်မှ နုတ်ထွက်
Reviewed by THITHTOOLWIN
on
09:08
Rating: