စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ မုံရွာအကျဉ်းထောင်ဝင်း အတွင်းရှိ ဝန်ထမ်းလိုင်းခန်းတွင် မေလ(၂၉)ရက်နေ့ ည (၁၁) နာရီ (၁၅) မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ (၄)ခန်းတွဲ ဝန်ထမ်းလိုင်းခန်း(၂)ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မုံရွာအကျဉ်းထောင်ဝင်း အတွင်းရှိ (၄)ခန်းတွဲ လိုင်းခန်းတွင် နေထိုင်သော အကျဉ်းထောင် ဝန်ထမ်း မအေးအေးစိုး (၃၄)နှစ်၏ နေအိမ်ဘုရားစင်အား လျှပ်စစ်မီးဖြင့် မီးပူဇော်ရာမှ အပူရှိန် လွန်ကဲပြီးလျှော့ဖြစ်ရာ ဘုရားစင်အောက်ရှိ မွေ့ယာပေါ်သို့ မီးပွားကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ အနီးရှိ လေးခန်းတွဲဝန်ထမ်းအိမ်ယာတစ်လုံးနှင့် အခန်းတစ်ခန်းတို့အား ဆက်လက်ကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေးနှင့် သန္ဓေ တပ်ဖွဲ့ဝင်(၃၂)ဦး အရန်မီးသတ်တပ်ဖွဲ့ဝင် (၁ဝဝ) ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်(၁၄)ဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ အကျဉ်းထောင် တာဝန်ခံအရာရှိနှင့် အကျဉ်းထောင် ဝန်ထမ်းများဖြင့် ရေသယ်ယာဉ်(၅)စီး၊ မီးငြိမ်းသတ်ယာဉ် (၉)စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ည(၁၁)နာရီ (၃ဝ) မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် (၄ဝx၁၅)ပေရှိ သွပ်မိုး၊ ပျဉ်ကာ (၄) ခန်းတွဲ (၂)လုံး၊ (၁ဝx၁၅) ပေရှိ သွပ်မိုး ပျဉ်ကာ (၁)ခန်းနှင့် အတွင်းပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မုံရွာအကျဉ်းထောင် ဝန်ထမ်းလိုင်းခန်း မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:35
Rating: