ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းရေကြောင်း ခရီးသွား သင်္ဘောများ ခေတ္တရပ်နား


စစ်တွေ မေ ၂၉

ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ပြည်တွင်းရေကြောင်း ခရီးသွား သင်္ဘောများ ယနေ့တွင် ခေတ္တရပ် နားထားကြောင်း သိရသည်။

''ကျွန်တော်တို့ဌာနက စစ် တွေမြို့ကိုအခြေပြုပြီး ကမ်းရိုးတန်း ပြေးဆွဲနေတဲ့ ခရီးသည်တင် သင်္ဘောများနဲ့ ပင်လယ်ပြင်သွား လာနေတဲ့သင်္ဘောတွေကို ယမန်နေ့ ညနေမှစပြီးတော့ ရောက်နေတဲ့ နေရာတွေမှာ ဘေးကင်းလုံခြုံစွာ ရပ်တန့်ထားဖို့ သက်ဆိုင်ရာရေ ယာဉ်အသင်းတွေကို ဖုန်းဆက်ပြီး တော့ အကြောင်းကြားထားပါ တယ်။ ဒီနေ့မနက်ပိုင်းကတော့ စာထွက်ပြီးတော့လည်း ရေယာဉ် အသင်းတွေကို မုန်တိုင်းဖြတ်ကျော် မယ့်အခြေအနေကြောင့် ရောက်ရှိ နေတဲ့နေရာတွေမှာ ဘေးကင်းလုံခြုံ စွာ ခိုလှုံရပ်တန့်ထားရန် ညွှန်ကြား ထားပါတယ်''ဟု ရေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး မှဦးစီးအရာရှိ ဦးခင်မောင်ထွန်းက ပြောသည်။

''ပြည်တွင်းရေကြောင်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနကတော့ ကျွန်တော်တို့ဆီကို မုန်တိုင်းအန္တရာယ် ရှိကြောင်း အကြောင်းကြားထား ပါတယ်။ ကျွန်တော်တို့ကလည်း သတင်းအချက်အလက်တွေကို နား ထောင်စောင့်ကြည့်နေပါတယ်။ မုန်တိုင်းကတော့ လက်ရှိအခြေ အနေထိ စစ်တွေမြို့ရဲ့ အနောက် တောင်ဘက် ၁၂၅ မိုင်အကွာမှာ ရှိနေတယ်လို့သိရပါတယ်။ အခုလို သိရတဲ့အတွက် သင်္ဘောတွေကို မထွက်ခွာဘဲ ရပ်နားထားပါတယ်။ ကျွန်တော်တို့စစ်တွေက ထွက်သွား တဲ့ ခရီးသည်တင်မလိခအမြန်ရေ ယာဉ်တွေကတော့ အခုကျောက်ဖြူ နဲ့မင်းပြားမှာ ရပ်နားပြီးတော့ ရှိနေ ပါတယ်။ အခုလို မုန်တိုင်းရှိတဲ့ အတွက် ခရီးသည်တွေသွားလာ ရတာ အခက်အခဲရှိတာပေါ့၊ ဒါ ကြောင့် ရာသီဥတုအမြန်ပြန်ကောင်း လာဖို့ပဲ ကျွန်တော်တို့ မျှော်လင့် ပါတယ်''ဟု စစ်တွေမြို့ကို အခြေ ပြုပြီးပြေးဆွဲနေသည့် မလိခအမြန် ရေယာဉ်မှ လက်ထောက်မန်နေဂျာ ကိုစိုးမိုးလင်းက ပြောသည်။

''မြေပုံမြို့မှ ဦးမောင်တင်လှ က မုန်တိုင်းရှိတယ်လို့ သတင်း ကြားရပါတယ်။ မိုးတွေလည်းရွာ နေပါတယ်။ မြစ်ကမ်းနားသွား ကြည့်တော့ လှိုင်းကတအားထန် နေတယ်။ ကျွန်တော်တို့က ရေလုပ် ငန်းကို အဓိကလုပ်ကိုင်နေကြသူ တွေဆိုတော့ ငါးမဖမ်းရလျှင် စား ဝတ်နေရေး အခက်အခဲဖြစ်တာ ပေါ့၊ ဒါကြောင့် မုန်တိုင်းအမြန် ပျက်ပြယ်သွားဖို့ပဲ ဆုတောင်းနေရ တယ်''ဟု ပြောကြားသည်။

မုန်တိုင်း၏အရှိန်ကြောင့် စစ် တွေမြို့ကို အခြေပြုပြီးပြေးဆွဲနေ သော ခရီးသည်တင်သင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ ငါးဖမ်း သင်္ဘောများ ခေတ္တရပ်နားထား ရပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း မုန်တိုင်း အန္တရာယ်ကျရောက်လာပါက ကြို တင်ကာကွယ်မှုများဆောင်ရွက် နိုင်ရန် လိုက်လံသတိပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။

တင်ထွန်း(စစ်တွေ)
The Union Daily
https://www.facebook.com/uniondaily.net
ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းရေကြောင်း ခရီးသွား သင်္ဘောများ ခေတ္တရပ်နား ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းရေကြောင်း ခရီးသွား သင်္ဘောများ ခေတ္တရပ်နား Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.