![]() |
နိုင်ဂျာနိုင်ငံ၏ ကျေးရွာတစ်ရွာအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက် ) |
နိုင်ဂျာနိုင်ငံအနောက်ပိုင်း Tillaberyပြည်နယ်ရှိ ကျေးရွာတစ်ရွာအား မေလ ၁၈ ရက် ညဦးပိုင်းတွင် လက်နက်ကိုင်လူတစ်စုက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အရပ်သား ၁၇ ဦး သေဆုံး ခဲ့ကြောင်း နိုင်ဂျာနိုင်ငံ လုံခြုံရေးဝန်ကြီးဌာနက မေ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ သည်။
၎င်းလက်နက်ကိုင်များသည် မေ ၁၈ရက်တွင် မာလီမှ ထွက်ခွာလာပြီး ယင်းနေ့ညဦးပိုင်းတွင် Tillabery ပြည်နယ်ရှိ ကျေးရွာတစ်ရွာသို့ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ မီဒီယာများက ဆိုသည်။ နိုင်ဂျာနိုင်ငံ လုံခြုံရေးဝန်ကြီးဌာန၏ ကနဦးစစ်ဆေးချက်များ အရ ယခု တိုက်ခိုက်မှုမှာ နိုင်ဂျာနှင့်မာလီ နယ်စပ်ဒေသရှိ Tuareg နှင့် Fulani လူမျိုးစုတို့အကြား ဖြစ်ပွား သည့် ပဋိပက္ခများကြောင့်ဖြစ်ကြောင်း သိရသည်။
(Xinhua)
http://xinhuamyanmar.com
နိုင်ဂျာနိုင်ငံ အနောက်ပိုင်းတွင် တိုက်ခိုက်မှုတစ်ခုကြောင့် အရပ်သား ၁၇ ဦး သေဆုံး
Reviewed by THITHTOOLWIN
on
12:22
Rating:
