လက်ပံတန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၂၈ လုံး ပျက်စီး

လက်ပံတန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းဓမ္မာရုံတို့ ပျက်စီး
လက်ပံတန်း မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြိုတွင် မေ ၁၂ ရက်ညနေ ၆ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီ မြစ်နှင့် မြစ်မခမြစ်အနီးရှိကျေးရွာအုပ်စု (၇) အုပ်စုမှ နေအိမ် (၁၂၈) လုံး၊ စာသင်ကျောင်း(၂)ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတစ်ခုတို့ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လက်ပံတန်းမြို့နယ် ခမုံအုပ်စု၊ အောင်လံကုန်းအုပ်စု၊ ဆင်မနီအုပ်စု၊ နတ်ဖန်ကွင်းအုပ်စု၊ သီတာကုန်း အုပ်စု၊ ဇီးဖြူကုန်းအုပ်စု၊ သာရဝေါအုပ်စုရှိကျေးရွာများတွင် လူနေအိမ် (၁၁၃)လုံး၊ဇီးဖြူကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတစ်ခု၊ ကုလားချောင်းအ.ထ.ကစာသင်ဆောင်နှစ်ဆောင်တို့ အမိုးလန်ခဲ့ပြီး၊ နေအိမ် (၁၅)လုံးနှင့် သီတာကုန်းကျေးရွာအ.မ.ကကျောင်းစာ သင်ဆောင်တစ်ဆောင် ပြိုလဲပျက်စီးခဲ့ကြောင်းသိရသည်။

 ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်များမှမိသားစုများအားနီးစပ်ရာဆွေမျိုးများ၏နေအိမ် များတွင် နေရာချထားပေးပြီး၊ လူနှင့်တိရိစ္ဆာန်များထိခိုက်သေဆုံးမှု မရှိကြောင်းသိရသည်။အဆိုပါကျေးရွာအချို့တွင် ဧပြီ ၁၈ ရက်နေ့က လည်းလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃၃၉) လုံးအမိုးလန်ခဲ့ပြီး၊ (၃၈)ပြိုလဲပျက်စီးခဲ့သည်။

မြို့နယ်ပြန်ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လက်ပံတန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၂၈ လုံး ပျက်စီး လက်ပံတန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၂၈ လုံး ပျက်စီး Reviewed by THITHTOOLWIN on 17:44 Rating: 5
Powered by Blogger.