ရန်ကုန် မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက် ဘုရင့်နောင် (၁) လမ်း အိမ်အမှတ် (၈၅၉) ၌ မေ ၂၉ ရက်နေ့ ည ၆း၂၀ အချိန်ခန့်က အင်တင်နာခေါင်းအား ကိုင်မိရာမှ လူနှစ်ဦး ဓာတ်လိုက်၍ တစ်ဦးသေဆုံးပြီး တစ်ဦးသတိလစ်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ အဆိုပါ ည ၆း၂၀ ခန့်က ဒလမြို့နယ် ပြည်သူ့ဆေးရုံ၌ လူနှစ်ဦးဓာတ်လိုက်ပြီး တစ်ဦးမှာ သေဆုံးနေကြောင်း သတင်းအရ ဒလမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး နိုင်ဝင်းနှင့် တာဝန်ရှိသူများ သွားရောက် စစ်ဆေးကြည့်ရှုခဲ့ရာ ဒေါ်ကြည်ညွှန့်မှာ ၀ဲလက်မရင်း စုတ်ပြဲဒဏ်ရာ၊ ယာလက်သန်း စုတ်ပြဲဒဏ်ရာတို့နှင့် သေဆုံးနေပြီး ၄င်း၏ သားဖြစ်သူ ဦးကုလားလေး (ခ) အုန်းထွေး (၄၁) နှစ် ယာလက်ဖ၀ါး ပေါက်ပြဲဒဏ်ရာ ရရှိထားသဖြင့် ဆေးကုသမှု ခံယူနေသည်ကို တွေ့ရှိရသည်။
သေဆုံးသူ၏ သားဖြစ်သူအား မေးမြန်းခဲ့ရာ ၄င်းက ည ၅း၃၀ ကျော်တွင် နေအိမ်ခေါင်းရင်း၌ DVB-T2 Set-Top Box လိုင်းစက်အား (မီးပလက်ပေါက်ထိုးထား) ပြီး အန်တင်နာတိုင် ထောင်ထားသည့် ၀ါးလုံး ကျိုးကျ နေ၍ မိခင်ဖြစ်သူမှာ အန်တင်နာခေါင်းအား သွားကိုင်မိ၍ ဓာတ်လိုက်နေစဉ် ၄င်း၏ သားဖြစ်သူက ကိုင်ထားသည့် အန်တင်နာခေါင်းအား ထပ်မံကိုင်မိရာ ဓာတ်လိုက်ပြီး နှစ်ဦးလုံး နောက်သို့ လန်ကျခဲ့ သဖြင့် နှလုံးရောဂါရှိသူ မိခင် ဒေါ်ကြည်ညွှန့်သည် နေရာတွင်ပင် သေဆုံးသွားပြီး ဦးကုလားလေးမှာ သတိလစ်သွားကြောင်း၊ ဆေးရုံသို့ပို့စဉ် သတိပြန်ရလာကြောင်း သတင်းရရှိသည်။
နိုင်လင်းကျော်(ဒလ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဒလမြို့နယ်၌ အန်တင်နာခေါင်းအား ကိုင်မိရာမှ လူနှစ်ဦးဓာတ်လိုက်၊ တစ်ဦးသေဆုံးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:33
Rating: