ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရဲ့ နောက်ထပ်အမှုဟောင်းတွေ ပေါ်လာ


အာဏာရှိစဉ် အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်ပြီး အစစ်အဆေးခံနေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ဟာ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို အရင်က မော်ဒယ်အမျိုးသမီးလေးတစ်ဦး အသတ်ခံရတဲ့ကိစ္စမှာလည်း သူ့ရဲ့အမည်ဟာ ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းဟာ မေလ ၉ ရက်နေ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် စွပ်စွဲချက်ဟောင်းတွေပေါ်မှာ စစ်ဆေးခံနေရတာပါ။ ဒါ့အပြင် ဝန်ကြီးချုပ်ဟောင်း နာဂျစ် ကာကွယ်ရေးဝန်ကြီးဘဝက ပြင်သစ်ထံက ရေငုပ်သင်္ဘောဝယ်ယူခဲ့တဲ့ ကိစ္စကိုလည်း ပြန်လည်လက်ညှိုးထိုးလာကြပါတယ်။ အရင်ကတော့ အစိုးရအဖွဲ့အတွင်း အချင်းချင်း အာဏာပါဝါညှိတဲ့သဘောနဲ့ ရေငုံနုတ်ပိတ်နေကြပေမယ့် အခုမှ လုပ်ရပ်ဟောင်းတွေ တစ်စစီ ပြန်ပေါ်လာတာဖြစ်ပါတယ်။

မလေးရှားအစိုးရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က ပြောဆိုချက်အရ အရင်အစိုးရလက်ထက်က ဘီလျံနဲ့ချီပြီး အလွဲသုံးစားလုပ်ခဲ့တာတွေကို မြန်မြန်ဆန်ဆန် ဖော်ထုတ်သွားမှာဖြစ်သလို တခြားသော အမှုကိစ္စရပ်တွေကိုလည်း ဆက်လက်ဖော်ထုတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရဲ့ နောက်ထပ်အမှုဟောင်းတွေ ပေါ်လာ ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရဲ့ နောက်ထပ်အမှုဟောင်းတွေ ပေါ်လာ Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.