မေလ ၁၃၊ DMG
မြေပုံမြို့နယ်၊ ဝဘော်ကြီးကျေးရွာတွင် မေလ ၁၂ ရက်နေ့ ည ၁၁ နာရီအချိန်က မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့သဖြင့် ကျေးရွာအတွင်း လူနေအိမ်အများစု မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်ဆုံးရှုံးမှုကြောင့် လူနေအိမ် ၉၄ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး၊ မီးဘေးသင့်ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ထားကာ ပျက်စီးဆုံးရှုံးမှု အခြေအနေများစီစစ်ဆဲဖြစ်ကြောင်း မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်ကပြောသည်။
“ လက်ရှိအခြေအနေကတော့ မီးငြိမ်းသွားပါပြီး၊ ပျက်စီးဆုံးရှုံးမှုအခြေအနေကတော့ တွက်နေတယ်။ ကျွန်တော်တို့လဲ အခုမှပဲရောက်တယ်။ လူတွေကတော့ ဘုန်းကြီးကျောင်းတို့၊ မုန်းခိုအဆောက်ဦးတွေမှာ ထားပါတယ်။ ” ဟု ပြောသည်။
ဝဘော်ကြီးကျေးရွာတွင် အိမ် ၁၇၉ ဆောင်ရှိသည့်နက် မီးလောင်ဆုံးရှုံးသွား သည့်နေအိမ် ၉၄ လုံးရှိကာ လက်ရှိမှာတော့ မီးငြိမ်းသွားပြီဖြစ်ကြောင်းနှင့် လူအသေအပျောက် မရှိကြောင်း သိရသည်။
သတင်း - စိမ်းကိုကို၊ ဓါတ်ပုံ - Moe Min
Development Media Group
https://www.facebook.com/dmgnewsagency
မြေပုံမြို့နယ်၊ ဝဘော်ကြီးကျေးရွာတွင် လူနေအိမ် ၉၄ လုံး မီးလောင်ဆုံးရှုံး
Reviewed by THITHTOOLWIN
on
10:50
Rating: