တိုက်ပွဲ ပြန်ဖြစ်လာလျှင် မှော်ဒေသ၌ ရောက်ရှိနေသူ များ ထိခိုက်နိုင်၍ တိမ်းရှောင်ပေးရန် KIA က စာထုတ်ထားဟုဆို
မြစ်ကြီးနား။ ဧပြီ ၆ ရက်
တနိုင်းဒေသမှ ရွှေမှော်နှင့် ပယင်းမှော်တို့တွင် တူးဖော်ခွင့်များ ပိတ်ပင်ထားသော်လည်း မြန်မာ့တပ်မတော်၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်တူးဖော်နေသူများရှိနေသဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပါက ထိုသူများအား ထိခိုက်နိုင်၍ အမြန်တိမ်းရှောင်ပေးရန် စာထုတ်ထားကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရ အကြီးတန်းအရာရှိတစ်ဦးထံမှ
သိရသည်။
"တပ်မတော်က KIAကိုပယင်းတွေ၊ ရွှေတွေ ခိုးပြီး တူးဖော်နေတယ်လို့အပြစ်တင်တယ်။ စစ်ဆင်ရေးတွေလုပ်ပြီး အခုအဲဒီမှော်တွေမှာ သူတို့နေတယ်၊ အခုသူတို့က ပြည်သူတွေ၊ လောပန်းတွေကိုပြန်ခေါ်ပြီး ပယင်းတွေရွှေတွေကို ပြန်တူးဖော်နေကြတယ်ဆိုတာ ကျွန်တော်တို့ သတင်းတွေ အများကြီးရထားတယ်။ KIA ဘက်က အဲဒီနေရာမှာ နည်းနည်းလေး လှုပ်လိုက်တာနဲ့ တိုက်ပွဲတွေဖြစ်လာမယ်။ " ဟု KIO မှသတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ထိုသို့ ထိလွယ်ရှလွယ်အခြေအနေတွင် ရုတ်တရက် တိုက်ပွဲများပြန်လည်ဖြစ်ပွါးလာပါက မှော်လုပ်သားများကို ထိခိုက်နိုင်သောကြောင့် မှော်တွင်ရောက်ရှိနေသော ပြည်သူများ အနေဖြင့် လက်ရှိနေရပ်များမှ တိမ်းရှောင်ပေးရန် KIA တပ်ရင်း (၁၄)ရုံးက ဧပြီလ ၅ ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူကပြောသည်။
KIA ၏ ထုတ်ပြန်စာတွင် စစ်ဆင်ရေးလုပ်ငန်းများကို ဧပြီလ ၁၀ ရက်မှစ၍ ပြုလုပ်မည်ဖြစ်သည့်အတွက် ပြည်သူများ မိမိနေရပ်သို့ အမြန်ဆုံး ပြန်လည်ထွက်ခွာပေးစေလိုကြောင်း။ သတိပေးချက်ကို လိုက်နာမှုမရှိဘဲ ဆက်လက်နေထိုင်၍ ဖြစ်ပေါ်လာမည့် ပြဿနာများသည် မလိုက်နာသူတို့၏ တာဝန်သာဖြစ်ကြောင်း ဖော်ပြထားသည်။
Salai
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
တိုက်ပွဲ ပြန်ဖြစ်လာလျှင် မှော်ဒေသ၌ ရောက်ရှိနေသူ များ ထိခိုက်နိုင်၍ တိမ်းရှောင်ပေးရန် KIA က စာထုတ်ထားဟုဆို
Reviewed by THITHTOOLWIN
on
08:46
Rating: