ခုပဲ ရဲလက်အပ်လိုက်တဲ့ကောင်
၆၅ ကားပေါ်တက်လာတယ်။ စာအိတ်ဝေပြီး ပိုက်ဆံလိုက်တောင်းတယ်... အများစုလက်ကာပြတယ် မရဘူး အတင်းပေးတယ် မယူတဲ့ကို လုပ်တော့မယ့်ရုပ်နဲ့ ဘုကြည့်ကြည့်တယ်။
ကိုယ့်အလှည့်ရောက်လာတယ် အစကတည်းက သူ့ကိုတောက်လျှောက်စိုက်ကြည့်နေမှန်းသိတယ် ... စာရွက်လာပေးတာ လက်ကာထားတဲ့တိုင် အတင်းပေါင်ပေါ်လာတင်တယ် ပြန်ပေးတယ် မယူဘူး ပစ်ချပေးလိုက်တယ်။ တည့်တည့်ဘုကြည့်ကြည့်ပြီး ပါးစပ်ကတစ်ခုခုပြောတယ်။ စာရွက်လိုက်သိမ်းတော့
" ဘာလို့ကြည့်တာလဲ" တဲ့ ...
" ကြည့်ချင်လို့ကြည့်တာဘာလုပ်ချင်လဲ"
" အေး ဒကာကြီးကဘာလုပ်ချင်လဲ"
"ဟေ့ကောင် မင်းသင်္ကန်းဝတ် ကတုံးတုံးထားတာလောက်နဲ့ ငါ့လာပြီး ဒကာကြီးမခေါ်နဲ့ ရှင်းလား"
ကိုယ့်ရှေ့ကိုတိုးလာပြီး လုပ်တော့မယ့်ပုံစံနဲ့
"ဟေ့ကောင် ခိုးစားတာမဟုတ်ဘူး တောင်းစားတာကွ မင်းကဘာကောင်လဲ မင်းသတ္တိရှိရင် ...ထိပ်ကိုလာခဲ့ (လှိုင်သာယာ) မင်းဆင်းမလား" ဆိုပဲ
ထပ်ပြီး "မင်းက ဘာကောင်လဲ တစ်ရာဖိုး ၃ ကောင်လား"
ကိုယ်ရယ်လိုက်ပြီး " အေးမင်းစောင့်ကြည့်လိုက်ပေါ့ကွာ ... ကားဆရာ ကားရပ်လိုက်ပါ" လို့ပြောလိုက်တော့ ကားရပ်ပြီး ကားဆရာပြေးချလာတယ် ညီလေးဘာဖြစ်တာလဲပေါ့ သူ့ကိုပြောပြနေရင်း ရဲကိုခေါ်လိုက်တယ်။
ဒီတစ်ခါမှာ အားရတာ ကားဆရာနဲ့ ဘေးက ခရီးသည်တချို့ပူးပေါင်းတာပဲ အနားလာပြီး အကြံတွေပေးကြတယ်။
သိပ်မကြာဘူး ရဲကားလာတယ် ရဲက ကိုယ့်ကိုမေးတယ် ပြီးတော့ သာသနာရေးကိုဆက်တယ် သူတန်းဖမ်းလို့မရဘူးတဲ့ ဘာကောင်လဲသူသိပေမယ့် သင်္ကန်းဝတ်ဖြစ်နေလို့ မဟနက ဆရာတော်ကိုစောင့်ရမယ်တဲ့ ...
ကိုယ်ကတော့ ခရီးသည်တွေ အားနာဖို့ကောင်းနေတယ်ပြောတော့ ခဏပါဆိုပြီး သင်္ကန်းခြုံကောင်ကို စစ်တယ်။
ဘွဲ့ - မရှိဘူး
ကျောင်း - မရှိဘူး
နေတာက - လှိုင်သာယာ
သင်္ကန်းဘယ်ကရ - ဝယ်ထားတာ
မေးစရာရှိတာမေးပြီး ရဲက ရပြီ မြို့နယ်မှူးဆီလှမ်းပြောပြီး သူဖမ်းသွားမယ်တဲ့။
အကြောက်တရားရစေအောင် လူတွေကို ခြောက်လှန့်တဲ့ လူနည်းတစ်စုကို အမြဲအရှုံးပေးထားမယ်ဆိုရင် ဘယ်တော့မှ တရားဥပဒေစိုးမိုးမှာမဟုတ်ဘူး။
နောက်ပြီး မွန်မြတ်သန့်စင်တဲ့ အရာတွေကိုခုတုံး လုပ်ပြီး အမြတ်ထုတ်နေသူတွေ အတန်းအစား အလိုက်ရှိတယ် စဉ်းစားဆင်ခြင်ဆုံးဖြတ်ကြပါ။
ဧပြီ ၂၇ ၂၀၁၈
Kaung Htet San

လိုင်းကားပေါ်မှာ စာအိတ်ဝေပြီး ပိုက်ဆံလိုက်တောင်းတဲ့ သင်္ကန်းဝတ်နှင့် facebook ပေါ်မှ ရိုက်ခတ်သံ
Reviewed by THITHTOOLWIN
on
06:37
Rating: