ဘယ်လင်းကျေးရွာအနီးတွင် မိုးရွာ၍လမ်းချော်သဖြင့် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား


စဥ့်ကိုင် ဧပြီ ၎

စဥ့်ကိုင်မြို့နယ် မန္တလေး-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် ၄ဝ၇/၄-၃ကြား ဘယ်လင်းကျေး ရွာအနီးတွင် ယမန်နေ့ ညနေ ၄ နာရီခွဲတွင် မိုးရွာ၍လမ်းချော်သဖြင့် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စဥ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာအနီးတွင် ယာဉ် မောင်း ကိုမောင်စိုး(၃၂နှစ်)သာလွန် ကျေးရွာ မြစ်သားမြို့နယ်နေသူ သည် ယာဉ်အမှတ် 7I /-----အဖြူ ရောင်ဒိုင်နာယာဉ်ဖြင့် ဖရဲစိုက်ခင်း သိမ်းပြီး ကူမဲမြို့ဘက်ရှိ အလုပ် သမား ၂၈ ဦး ခန့်အားတင်ဆောင် ၍ မန္တလေး-ရန်ကုန်ကားလမ်း အတိုင်းမောင်းနှင်လာစဉ် မိုးရွာ ထားသဖြင့်လမ်းချော်၍ ယာဘက် ခြမ်းသို့ အရှိန်မထိန်းနိုင်ဘဲထိုးကျ တိမ်းမှောက်ခဲ့သည်။

ယာဉ်ပေါ်ပါသူများ အနက် ကိုးဦးမှာ ပေါက်ပြဲဒဏ်ရာ၊နာကျင် ဒဏ်ရာများရရှိခဲ့ပြီး (မစိုးရိမ်ရ) ကျောက်ဆည်ဆေးရုံသို့ ကုသမှုခံ ယူခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင် သူ ကိုမောင်စိုးအား စဥ့်ကိုင်မြို့မ ရဲစခန်းမှ ယာဉ်(ပ)၂၆/၂ဝ၁၈ရာဇ သတ်ကြီးပုဒ်မ၃၃၇/၃၃၈အရရဲအုပ် တင်ထွန်းနောင်က စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဥ့်ကိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘယ်လင်းကျေးရွာအနီးတွင် မိုးရွာ၍လမ်းချော်သဖြင့် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ဘယ်လင်းကျေးရွာအနီးတွင် မိုးရွာ၍လမ်းချော်သဖြင့် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.