ဂီနီသမ္မတရဲ့သား ကျွန်ပြုမှုနဲ့ စွပ်စွဲခံခဲ့ရ

မိန်းမငယ်လေးကို ကျွန်ပြုခဲ့တဲ့ Mohamed Toureနဲ့ ဇနီးဖြစ်သူ ကို တွေ့ရပုံ
ဂီနီနိုင်ငံရဲ့ ပထမဆုံး သမ္မတ Ahmed Sekou Toure ရဲ့ သားဟာ အမေရိကန်က သူ့နေအိမ်မှာ မိန်းမငယ်လေးတယောက်ကို ၁၆နှစ်ကြာ ကျွန်ပြုထားခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

Mohamed Toureနဲ့ ဇနီးဖြစ်သူတို့ဟာ အတင်းအဓမ္မ စေခိုင်းမှုနဲ့ တရားစွဲဆို ခံခဲ့ရပါတယ်။

သူတို့ဇနီးမောင်နှံဟာ ဒီမိန်းကလေးကို ငါးနှစ်အရွယ်တုန်းက ဂီနီကနေခေါ်လာပြီး ထမင်းဟင်းချက် ၊ သန့်ရှင်းရေး ၊ ဥယျာဉ်နဲ့ ကလေးငါးယောက် ထိန်းသိမ်းစောင့်ရှောက်ဖို့တွေပါ လုပ်ခိုင်းတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးမလေးကို ရိုက်နှက်မှုတွေ ရှိသလို ကြမ်းပြင်ပေါ်မှာ အိပ်ခိုင်းတဲ့ အပြင် သူ့ရဲ့ ခရီးသွား စာရွက်စာတမ်းတွေလည်း သူတို့က သိမ်းထားတယ်လို့ ပြောပါတယ်။

နောက်ဆုံးမှာ အဲဒီ မိန်းကလေး လွတ်မြောက်လာခဲ့ပြီး အခု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မစ္စတာ တိုရေးတို့ ဇနီးမောင်နှံက ငြင်းဆိုကာ ကလေးမလေးကို သမီးရင်းသဖွယ် ဆက်ဆံထားခဲ့တယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဂီနီသမ္မတရဲ့သား ကျွန်ပြုမှုနဲ့ စွပ်စွဲခံခဲ့ရ ဂီနီသမ္မတရဲ့သား ကျွန်ပြုမှုနဲ့ စွပ်စွဲခံခဲ့ရ Reviewed by THITHTOOLWIN on 10:45 Rating: 5
Powered by Blogger.