Photo : ဆရာ မင်ဆိုင်း (face book) |
ပူတာအိုမြို့ နမ်ရှရီ လူမှုအဖွဲ့အစည်းမှ ခရိုင် တာဝန်ခံ ဆရာမင်ဆိုင်းကို ပူတာအိုရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မချမ်းဘောရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၁၀ နာရီ ခွဲခန့်က လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် SB(ရဲသတင်းတပ်ဖွဲ့)နှင့် တပ်ရင်း ၄၆ မှ လာရောက်ကာ ခေါ်ဆောင်သွားခဲ့ကြောင်းသိရပြီး ဖမ်းဆီးရခြင်းအကြောင်းအရင်းကို မသိရသေးဟု ၄င်း၏ ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ဆိုင်းမွန်းကပြောသည်။
" အိမ်မှာလာရှာတယ်။ မရှိဘူးအိမ်ဆောက်တဲ့နေရာသွားတယ်လို့ပြော လိုက်တယ်။ သူတို့လက်ဖက်ရည်ဆိုင်မှာတွေ့ပြီး ဒီလိုဖြစ်သွားတယ်ပြောတယ်"ဟု ဒေါ်ဆိုင်းမွန်း
ကပြောသည်။
မွန်းလွဲပိုင်းတွင် မချမ်းဘောရဲစခန်းသို့ သွားရောက်တွေ့ဆုံခဲ့သော်လည်း ဖမ်းဆီးခံရခြင်းအကြောင်းရင်းကို ဂဃနဏမသိခဲ့ရသေးဟုလည်းဆိုသည်။
" သူ့ပြစ်ချက်တွေရှာနေတာ ဘာမှမတွေ့ဘူး။ အခုလည်း ရှာနေတယ်။ အရင်ပြစ်ချက်တွေလည်းရှာနေတယ်လို့တော့သူကပြောခဲ့ပါတယ်။ သူကဘာအပြစ်မှမလုပ်ထားတဲ့တွက် ပြန်လွတ်လာမှာပါ။ သူ့ကိုလာဖမ်းတဲ့ ၄၆ က စစ်သားကပြောတယ် အပြစ်လုပ်ထားတယ်ဆိုရင်ပြေးပေါ့ ရဲတွေလာတော့မယ်လို့ပြောတော့ ဆရာမင်ဆိုင်းက ငါဘာအပြစ်မှမလုပ်ထားတဲ့အတွက် ဘာကြောင့်ပြေးရမှာလဲဆိုပြီး ဆက်ထိုင်နေတာတဲ့။" ဟု မချမ်းဘောရဲစခန်းတွင် တွေ့ဆုံပြီးနောက် သိခဲ့သမျှကိုဇနီးဖြစ်သူက ရှင်းပြပြောဆိုသည်။
သို့သော် ယမန်နှစ်က ဗန်းမော်တွင် ပူတာအိုမှလူငယ် ၄၉ဦးဖမ်းဆီးခံရမှု။ခါကာဘိုရာဇီတောင်ပိုင်းနယ်မြေတိုးချဲ့မှုကို ကန့်ကွက်ရာတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့မှုတို့ကြောင့်ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ကြားသိရကြောင်းလည်း ၄င်းကပြောသည်။
(SALAI)
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
နမ့်ရှရီလူမှုအဖွဲ့အစည်းမှ ပူတာအိုတာဝန်ခံ အဖမ်းခံရ
Reviewed by THITHTOOLWIN
on
20:55
Rating: