ဓနိ ခိုးခုတ်သည်ဆိုသော ၁၆ နှစ် အရွယ် အမျိုးသားက၊ ဓနိခြံပိုင်ရှင် အမျိုးသမီးကို ခေါင်းဖြတ်သတ်

လူသတ်မှု ဖြစ်ပွားရာနေရာ။
လပွတ္တာ၊ ဧပြီ ၂၇ ။

ဧပြီလ ၂၆ ရက်နေ့က၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ၊ သောင်လေးကျေးရွာတွင် ဓနိခိုးခုတ်သည်ဆိုသော ၁၆ နှစ် အရွယ် အမျိုးသားက ဓနိခြံပိုင်ရှင် အမျိုးသမီးကို ခေါင်းဖြတ်သတ်
သည့်အမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက AHN သို့ပြောသည်။

လပ္ပတ္တာမြို့နယ်သောင်လေးကျေးရွာတွင် နေ ထိုင်သော မောင်………..အသက်(၁၆) နှစ် သည်ဒေါ်………..အသက်(၅၄)နှစ် ပိုင်ဆိုင်သည့် ခြံထဲမှ ဓနိပင်များခိုးခုတ်နေသည်ကို ဒေါ်………..(၅၄) နှစ်က တွေ့ရှိဖမ်းဆီးမိ၍ အုပ်ချုပ်ရေးမှုးရုံးသို့ ပို့ဆောင်မည်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းသို့ပြောဆိုသည့်အတွက် မောင်….(၁၆) နှစ်က လက်ထဲအသင့်ပါလာသည့် ဓနိခုတ်ဓါးဖြင့် ခေါင်းပြတ်အောင်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

`"ဓနိပင်ခိုးခုတ်တယ် ဆိုပြီးမသင်္ကာလို့ သွားကြည့်တဲ့အချိန်မှာ မောင်…(၁၆)နှစ် ခုတ်နေတာသွားတွေ့တာ အဲ့ဒါအုပ်ချုပ်ရေးမှုးရုံးလိုက်ခဲ့ ခေါ်တော့ အဖွားကြီးကို ဓနိခုတ်တဲ့ဓါးက ဓါးနောက်နဲ့ထုတယ်။ ပြီးမှ လည်ပင်းဖြတ်တာ ။ ဓနိခုတ်တဲ့ဓါးက တအားပြတ်တော့ တစ်ချက်ထဲခေါင်းပြတ်သွားတာ´ "ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှပြောရေးဆိုခွင့်ရှိသူ ဒုရဲမှုးကြီးခင်မောင်လတ်ကပြောသည်။

ခေါင်းဖြတ်ခဲ့သည်ဆိုသော အသက် ၁၆ နှစ် အရွယ် လူငယ်ကို ဖမ်းဆီး၍ ပြင်စလူနယ်မြေရဲစခန်းက (ပ)၂၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် စစ်ဆေးလျက်ရှိကြောင်းလည်း ၄င်းကပြောသည်။

ကိုအောင် ( ပုသိမ်)
The Asia Heart News
ဓနိ ခိုးခုတ်သည်ဆိုသော ၁၆ နှစ် အရွယ် အမျိုးသားက၊ ဓနိခြံပိုင်ရှင် အမျိုးသမီးကို ခေါင်းဖြတ်သတ် ဓနိ ခိုးခုတ်သည်ဆိုသော ၁၆ နှစ် အရွယ် အမျိုးသားက၊ ဓနိခြံပိုင်ရှင် အမျိုးသမီးကို ခေါင်းဖြတ်သတ် Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.