နိုင်ငံငယ်များ အကြွေးဒဏ်ပိစေတဲ့ စီမံကိန်း မဖန်တီးဖို့ တရုတ်ကို သတိပေး


တခြားနိုင်ငံတွေကို အကြွေးတွေပိစေတဲ့ စီးပွားရေးစီမံကိန်းတွေလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံကို ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ဥက္ကဌ ခရစ်စ္စတင်း- လဂါ့ဒ်က သတိပေး ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံမှာကျင်းပနေတဲ့ ဖိုရမ်တခုမှာ တရုတ်သမ္မတရှီချင်းပင်ရဲ့ ဒေသတွင်းနိုင်ငံပေါင်း တဒါဇင်လောက်ကိုဖြတ်ဖောက်မယ့် ပိုးလမ်းမစီမံကိန်းနဲ့ ပတ်သက်ပြီး သူကသတိပေးတာပါ။

အဲဒီလမ်းမဖြတ်သန်းရာဒေသတွင်းနိုင်ငံတွေက တကယ့်အကြီးစားစီမံကိန်းကြီးတွေဟာ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေက တာဝန်ယူလုပ်ကိုင်တာဖြစ်ပြီး စီမံကိန်းအတွက်ငွေကိုလည်း တရုတ်နိုင်ငံက ထုတ်ချေးတာဖြစ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေဟာ တရုတ်နိုင်ငံအပေါ် ဒေါ်လာဘီလီယံနဲ့ချီပြီး အကြွေးတွေတင်ကုန်ကြတာဖြစ်ပါတယ်။

အဲဒီအခါ နိုင်ငံငယ်လေးတွေဟာ အကြွေးလည်ပင်းခိုက်ကုန်ပြီး အကြွေးပြန်ဆပ်နိုင်ဖို့အ ခက်အခဲတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်လို့ မစ္စလဂါ့က တရုတ်နဲ့ နိုင်ငံခြားအရာရှိတွေကိုပြောပါတယ်။

သီရိလင်္ကာနိုင်ငံဆိုရင် အဲဒီနည်းနဲ့နှစ်ရှည်ချေးထားတဲ့ အကြွေးတွေကို ပြန်မဆပ်နိုင်တော့တဲ့အတွက် မဟာဗျာဟာအရ အရေးပါလှတဲ့ နေရာမှာရှိတဲ့ ဟမ်ဘန်တိုတာ ရေနက်ဆိပ်ကမ်းကို တရုတ်လက်ထိုး အပ်ခဲ့ရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
နိုင်ငံငယ်များ အကြွေးဒဏ်ပိစေတဲ့ စီမံကိန်း မဖန်တီးဖို့ တရုတ်ကို သတိပေး နိုင်ငံငယ်များ အကြွေးဒဏ်ပိစေတဲ့ စီမံကိန်း မဖန်တီးဖို့ တရုတ်ကို သတိပေး Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.