ဒုက္ခသည်ပြန်ပို့ရေး တိုးတက်မှုမရှိဟု ဟာစီနာ ပြောကြား


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ရှိတ် ဟာစီနာက သူတို့နိုင်ငံရောက် ရိုဟင်ဂျာမွတ်ဆလင်တွေ နေရပ်ပြန်ပို့ရေးနဲ့ စပ်လျဉ်းပြီး မြန်မာအစိုးရနဲ့ သူတို့အစိုးရ ပူးပေါင်းကြိုးပမ်းနေပေမယ့်လည်း အခုအချိန်အထိ မြင်သာထင်သာတိုးတက်မှုတော့ မရှိသေးဖူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။

ဒါကာမြို့ကိုရောက်ရှိနေတဲ့ AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အတွင်းရေးမှူးချုပ် Salil Shetty ဆလီ ရှက်တီနဲ့ မနေ့က တွေ့ဆုံစဉ် သူက အခုလိုပြောကြားခဲ့တာပါ။ အဲဒီ ရိုဟင်ဂျာ တသန်းကျော်ရဲ့ ခန္ဓာဗေဒ အထောက်အထားတွေကို ကွန်ပြူတာနဲ့ စံနစ်တကျ မှတ်ပုံတင်ထားပြီးဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။
AI အကြီးအကဲကလည်း ရိုဟင်ဂျာပြသနာကို ဖြေရှင်းရေးအတွက် မြန်မာအစိုးရ အဓိက တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေကို သူသွားရောက်ကြည့်ရှုခဲ့ရာမှာ မြန်မာတပ်ဖွဲ့တွေရဲ့ နှိပ်စက်ညှင်းပန်းမှုခံခဲ့ရတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေဟာ အခုထိ စိတ်ဒဏ်ရာတွေ ခံစားနေရဆဲဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရကြောင်းလည်း သူကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဒုက္ခသည်ပြန်ပို့ရေး တိုးတက်မှုမရှိဟု ဟာစီနာ ပြောကြား ဒုက္ခသည်ပြန်ပို့ရေး တိုးတက်မှုမရှိဟု ဟာစီနာ ပြောကြား Reviewed by THITHTOOLWIN on 07:55 Rating: 5
Powered by Blogger.