ငဖဲမြို့နယ် ဆူးပဒေါင်းကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား


ငဖဲ ဧပြီ ၂၈

မင်းဘူးခရိုင် ငဖဲမြို့နယ် ဆူးပဒေါင်းကျေးရွာအုပ်စုမှ ဆူးပဒေါင်းကျေးရွာနှင့် ကံပေါက် ကျေးရွာတွင် ဧပြီ ၂၇ ရက် ယနေ့ညနေ ၃ နာရီက လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဆူးပဒေါင်းကျေးရွာတွင် လူနေအိမ်(၄၂)အိမ်၊အလကခွဲ အဆောင်(၁)ဆောင်နှင့် ကျေးရွာမှ ဆောက်လုပ်ပေးထားသော ဆရာ၊ဆရာမနေအိမ်များ အမိုးလန်၊ထရံကွာပျက်စီးဆုံးရှုံးခဲ့ပြီး၊ကံပေါက်ကျေးရွာတွင် လူနေအိမ်(၃)အိမ်၊အမက မူလွန်ကျောင်း(၁)ကျောင်း အမိုးလန်၊ထရံကွာဖြစ်ပွားခဲ့ရာ ဒေသပေါက်ဈေးဖြင့် စုစုပေါင်းခန့်မှန်းတန်ဖိုး(၂၇၃၀၀၀၀/ိ-)ဆုံရှုံးခဲ့ကြောင်း သိရသည်။


လေပြင်းက အရင်ကလည်းတိုက်ခဲ့ဘူးပါတယ် ခုလိုမပြင်းထန်ပါဘူး အချိန်က ၁၀ မိနစ်ကျော်ကျော် ၁၅ မိနစ်ခန့် ခဏမို့တော်တော့တယ် ကျေးရွာကအိမ်ခြေ ၄၀ လောက်ရှိမယ် အမိုး၊အကာတွေ လေထဲလွင့်ပျံသွားတော့တာပါ၊လူတွေလဲ အန္တရာယ်လွတ်ကင်းမယ့် နေရာမှာ ၀ပ်တွားနေရတာပေါ့၊ကျေးရွာကလူတွေနဲ့ ကျွဲ၊နွားတိရစ္ဆာန် သေကြေပျက်စီးမှုတော့ မရှိပါဘူးဟု ကျေးရွာသား တစ်ဦးကပြောသည်။

ညနေ ၄ နာရီခွဲအချိန်တွင် အဆိုပါကျေးရွာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်နှင့်တာဝန်ရှိသူတို့ သွားရောက်၍ လေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံအားပေးစကားပြောကြားကာ လေဘေးသင့်ပြည်သူများ၏ လိုအပ်သည်များကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ငဖဲမြို့နယ် ဆူးပဒေါင်းကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား ငဖဲမြို့နယ် ဆူးပဒေါင်းကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.