ခုတ်လှဲရောင်းနေသော ထန်းတောများကို ကာကွယ်ပေးရန် ဝန်ကြီးချုပ်ထံ စာတင်


မန္တလေး ၂၈ ဧပြီ

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ထန်းတောများ ခုတ်လှဲရောင်းချနေမှုများကို ထန်းတောပြုန်းတီးမှုများ မဖြစ် စေရေးအတွက် ဒေသန္တရအမိန့်ထုတ်ကာ တားမြစ်ပေးရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ စာတင် တောင်းဆိုထားကြောင်း ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦး အေးခိုင်က ပြောသည်။

မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ထန်းတောများကို တရုတ်နိုင်ငံသားများမှ ထန်းတောဧကအလိုက် ပုတ်ပြတ်ဝယ်ယူကာ နေ့စဉ်ခုတ်လှဲ၍ ကားများဖြင့် သယ်ယူနေသည့်အတွက် အချို့ဒေ သများတွင် လွင်တီးခေါင်ပြင်များ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ ပြောဆိုကြသည်။

“ ကျွန်တော် ဧပြီလ ၂၄ ရက်နေ့က ဝန်ကြီးချုပ်ဆီ ရောက်တယ်။ ဒီထန်းပင်တွေက သစ်တောဥပဒေမှာ မပါတဲ့ အတွက် အရေးယူလို့ မရဘူးဖြစ်နေတယ်။ အခုဆို ထန်းပင်တော်တော်များက ကုန်နေပြီ။ ဒေသခံတွေက လည်း ထန်းတက်တာက ပိုက်ဆံ လုံလုံလောက်လောက် မရတော့ ထန်းတက်တဲ့အလုပ် မလုပ်တော့ဘဲ တစ် ခြားအလုပ်တွေ လုပ်ကြတယ်။ ဒါကြောင့် ဒေသန္တရအမိန့်ထုတ်ပြီး တားမြစ်ပေးဖို့ စာတင်ခဲ့တယ်။ ဒါကို လွှတ် တော်မှာတော့ အဆိုတင်ဖို့ မရှိသေးဘူး” ဟု ဦးအေးခိုင်က ပြောသည်။

လက်တလောတွင် ထန်းပင်တစ်ပင်လျှင် တစ်သောင်းကျပ် ဝန်းကျင် ဖြင့်ရောင်းချနေခြင်းဖြစ်ပြီး ထန်းတောင် သူများအနေဖြင့် ထန်းတက်၍ ရသည့်ဝင်ငွေဖြင့် မလုံလောက်သည့်အတွက် ထန်းတက်သူ ရှားပါးလာ ခြင်းအ ပါအ၀င် ထန်းရည်ရောင်းချမှုများကို ဖမ်းဆီးလာခြင်းများကြောင့် ထန်းပင်များကို ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

“ ထန်းပင်တွေ ဒီလိုရောင်းနေတာကိုတော့ ကျွန်တော်တို့လည်း အားမပေးဘူး။ ထန်းပင်တက်လို့လည်း အဆင် မပြေတော့ ရောင်းနေကြတော့တာပဲ။ ထန်းပင်တွေ ခုတ်ထားတာကို တံတာဦးဘက်မှာလည်းတွေ့တယ် ဘာ ကြောင့်လဲဆိုတာ စုံစမ်းနေပါတယ်။’’ ဟု ထန်းနှင့် ထန်းတောင်သူများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦး သိန်းဇော်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် ထန်းပင်များကို ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ နွားထိုးကြီး၊ မလှိုင် စ သည့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြဖြစ်ပြီး လက်ရှိတွင် ထန်းတက်သူ ရှားပါးလာကြောင်းဒေသခံများ က ဆိုသည်။

ယင်းကဲ့သို့ ထန်းတက်သူ နည်းပါးလာသည့်အတွက် ထန်းလျက်ပြုလုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းများကို ကြံ ကိုချက်လုပ်ထားသည့် ကုန်ကြမ်းများဖြင့်သာ အစားထိုး ပြုလုပ်လာကြကြောင်း သိရသည်။

ထက်အောင်(AMIA)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

ခုတ်လှဲရောင်းနေသော ထန်းတောများကို ကာကွယ်ပေးရန် ဝန်ကြီးချုပ်ထံ စာတင် ခုတ်လှဲရောင်းနေသော ထန်းတောများကို ကာကွယ်ပေးရန် ဝန်ကြီးချုပ်ထံ စာတင် Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.