ကမ္ဘောဒီးယား ကန်သံရုံး ဗုံးသတိပေး

ကမ္ဘောဒီးယား ကန်သံရုံး
ကြာသပတေးနေ့က စတဲ့ ကမ္ဘောဒီးယား နိုင်ငံနှစ်သစ်ကူးပွဲတော်ရုံးပိတ်ရက် ၅ ရက်အတွင်း ဗုံးဖောက်ခွဲဖို့ အကြံအစည်ရှိတယ်လို့ သတင်းရတဲ့ အတွက် အားလုံးသတိရှိကြဖို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတိပေးချက်ထုတ်ပြန်ထားပါတယ်၊၊

အစိုးရအတိုက်အခံ ခမာအမျိုးသားလွတ်လပ်ရေးတပ်ဦး ရဲ့ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ ဖနွမ်းပင်ရှိ ကမ္ဘောဒီးယား နိုင်ငံအထင်ကရ အန်ကောဝပ်ကျောင်း အနီးတ၀ိုက် သွားလာရာမှာသတိရှိကြဖို့ အာဏာပိုင်တွေက အမေရိကန်အမှုထမ်းတွေကို နှိုးဆော်သတိပေးထားပါတယ်၊၊

ဗုံးဖောက်ခွဲမယ်လို့ သတင်းရရှိထားတဲ့အတွက် လုံခြုံရေးတို့းမြှင့်ထားတယ်လို့လည်း ၀န်ကြီးချုပ် Hun Sen ကဆိုပါတယ်၊၊ နိုင်ငံအုပ်ချုပ်ရေးပျက်ပြားအောင် နှောက်ယှက်လိုတဲ့ Mr. Hun Sen ရဲ့ နိုင်ငံရေး အတိုက်အခံတွေက ဆုပူမှုတွေဖန်တီးမှာပဲလို့ ဇူလိုင်လ နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲမတိုင်မီကတည်း ကစွပ်စွဲပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်၊၊

သတိပေးနှိုးဆော်ချက်ကို အမေရိကန်သံရုံး website မှာတင်ထားပြီး အမေရိကန်နိုင်ငံသားတွေကိုလူစည်ကား ရာနေရာတွေမှာ သတိထားသွားလာကြဖို့ တပ်လှန့်ထားပါတယ်၊၊

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကမ္ဘောဒီးယား ကန်သံရုံး ဗုံးသတိပေး ကမ္ဘောဒီးယား ကန်သံရုံး ဗုံးသတိပေး Reviewed by THITHTOOLWIN on 07:16 Rating: 5
Powered by Blogger.