ဘင်္ဂလာဒေ့ရှ့်နိုင်ငံအနေနဲ့ မက်အက်တမင်း စိတ်ကြွဆေး သယ်ယူသူတွေကို သေဒဏ်အထိအပြစ်ပေးဖို့ အဆိုပြုထားပါတယ်။ အခုလိုဆောင်ရွက်ရခြင်းဟာ နိုင်ငံအတွင်း ဆေးစွဲသူတွေ ကြောက်စရာကောင်းလောက်အောင် ကြီးထွားလာတာကြောင့်ဖြစ်တယ်လို့ ကြာသပတေးနေ့က ပြောပါတယ်။
ရာဘလို့ခေါ်တဲ့ စိတ်ကြွဆေးတွေဟာ မြန်မာနိုင်ငံဘက်ကနေ ၀င်လာတာဖြစ်ပြီး ၂၀၁၇ ခုနှစ် အတွင်း ဆေးပြားပေါင်း သန်း ၄၀ ကျော် ဖမ်းမိခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်ကထက် အရေအတွက် နှစ်ဆဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် မှုးယစ်ဆေးဝါး သယ်ယူသူတွေကို အမြင့်ဆုံး အပြစ်ဒဏ်ပေးဖို့ ဥပဒေအသစ်မှာပြဌာန်းထားပြီး ဒါဟာ သေဒဏ်ပဲဖြစ်တယ်လို့ မှုးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့အကြီးအကဲ Jamaluddin Ahmed က ပြောပါတယ်။
အခုလို မြန်မာနိုင်ငံဘက်ကနေ မှုးယစ်ဆေးတွေ ၀င်ရောက်လာတာဟာ ပြီးခဲ့တဲ့ သြဂုတ်လက ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ အချိန်နောက်ပိုင်းမှာ ပိုပြီးများလာတယ်လို့ ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
စိတ်ကြွကုန်ကူးသူ သေဒဏ်ပေးဖို့ ဘင်္ဂလားဒေ့ရှ် ကြိုးစား
Reviewed by THITHTOOLWIN
on
07:54
Rating: