ဒိုင်နာယာဉ်ဖြင့် ရှေ့မှဆိုင်ကယ်အား ဝင်ရောက်တိုက်မိမှုကြောင့် လူနှစ်ဦးသေဆုံး


ဝမ်းတွင်း ဧပြီ ၎

ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေး ကွန်ကရစ်ကားလမ်း၌ ဒိုင်နာယာဉ်ဖြင့် ရှေ့မှဆိုင်ကယ် အား ဝင်ရောက်တိုက်မိမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဒုရဲအုပ်ကျော်ကျော် မင်း တာဝန်ထမ်းဆောင်နေစဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ တပ်ဖွဲ့ဝင်များနှင့် အတူသွားရောက် စစ်ဆေးရာ ရန်ကုန်-မန္တလေး ကွန်ကရစ်ကား လမ်း မိုင်တိုင်အမှတ်(၃၅၁/၄)နှင့် (၃၅၁/၅)အကြား ဝမ်းတွင်းမြို့ နယ် ဝမ်းသာကျေးရွာလမ်းခွဲအနီး ဆိတ်ဖြူမြို့နယ် ဂွေးပင်ချောင်း ကျေးရွာနေ ယာဉ်မောင်းရဲဝင်း ထွန်း(၂၁နှစ်)(ရန်ကုန်မြို့ ကိုထွန်း ရေသန့်စက်တပ်ဆင်ရေး) တစ်ဦး တည်းမောင်းနှင်လာသော ယာဉ် အမှတ်2M/-----ဒိုင်နာအမျိုးအစား အပြာရောင်မော်တော်ယာဉ်သည် ကားလမ်းအတိုင်း မြောက်မှတောင် သို့မောင်းနှင်လာစဉ် လားရာတူ အတိုင်းရှေ့မှ မိတ္ထီလာမြို့နေ စက်မှု ဇုန်(၄)လမ်းနှင့်(၅လမ်းကြားနေသူ ဦးညီညီ(၅၁နှစ်)မောင်းနှင်လာပြီး နောက်မှ မြေးဖြစ်သူဇင်မင်းသန့် ကိုးနှစ် တတိယတန်းကျောင်းသား စီးနင်းလိုက်ပါလာသော ဆိုင်ကယ် အမှတ်၂၁ယ/-HIYANG-110 အမျိုးအစား အနက်ရောင်ဆိုင် ကယ်အား နောက်မှဝင်ရောက် တိုက်မိရာလဲကျသွားသဖြင့်ဆိုင်ကယ် မောင်းနှင်သူ ဦးညီညီနှင့် လိုက်ပါ လာသူ ဇင်မင်းသန့်တို့မှာ အခင်း ဖြစ်ရာ၌ပင် ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း မှုခင်း မှတ်တမ်းအရ သိရသည်။

ယာဉ်အား မဆင်မခြင်မောင်း နှင်သူ ရဲဝင်းထွန်းအား ဝမ်းတွင်း မြို့မရဲစခန်းမှ ယာဉ်(ပ)၈/၂ဝ၁၈ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-ကဖြင့် အမှုဖွင့်အရေးယူ ဖမ်းဆီးဆောင် ရွက်ထားရှိကြောင်း သိရသည်။

ဘိုဘို(မလှိုင်)
The Union Daily
https://www.facebook.com/uniondaily.net
ဒိုင်နာယာဉ်ဖြင့် ရှေ့မှဆိုင်ကယ်အား ဝင်ရောက်တိုက်မိမှုကြောင့် လူနှစ်ဦးသေဆုံး ဒိုင်နာယာဉ်ဖြင့် ရှေ့မှဆိုင်ကယ်အား ဝင်ရောက်တိုက်မိမှုကြောင့် လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.