ပဲခူးမြို့တွင် ဧပြီ ၆ ရက်က တစ်ရက်တည်းမှာပင် အမျိုးသမီး(၂)ဦးအသတ်ခံရမှုဖြစ်ပွားခဲ့ကာ ပြစ်မှုကျူးလွန်သူ များ ထွက်ပြေး တိမ်းရှောင်နေသဖြင့် စုံစမ်းရှာဖွေလျက်ရှိကြောင်း ပဲခူးရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။
ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ ရွှေဂူလေးဘုရားလမ်း၌ နံနက်(၆)နာရီခန့်က မီးသွေးအရောင်းအဝယ်ပြုလုပ်သည့် နေအိမ်တွင် တစ်ဦးတည်းရှိနေသော အသက်(၅၈)နှစ်အရွယ် အိမ်ရှင်အမျိုးသမီးသည် လည်ပင်းတွင် ထိုးသွင်း ဒဏ်ရာဖြင့် သေဆုံးနေပြီး နေအိမ်မှ ငွေကျပ်(၁၇)သိန်းပျောက်ဆုံးနေကြောင်း သိရသည်။
ရပ်ကွက်ကြီး(၅)၊ ဟံသာဝတီလေဆိပ်စီမံကိန်းအနီးတွင်လည်း နံနက်(၆း၀၀)နာရီခန့်က ပဲခူးမြို့၊ နန်းတော်ရာ ရပ်ကွက်နေ အသက်(၃၂)အရွယ်အမျိုးသမီးတစ်ဦးမှာ ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေသည့်အပြင် ဦးခေါင်း အား မီးရှို့ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
“ပဲခူးမြို့မှာ လုံခြုံရေးအစီအမံ ညံ့နေတယ်။ လုံခြုံရေးအားနည်းနေလို့ လူသတ်မှုတွေ ခဏခဏဖြစ်ပေါ်နေတာ ပါ။ ဘုရားပွဲတော်ကာလလည်းဖြစ်နေတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပေးဖို့ လုံ နယ်ဝန်ကြီးကို တင်ပြဆောင်ရွက်သွားပါ့မယ်။”ဟု ပဲခူးမြို့၊ အမှတ်(၁)မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောသည်။ပဲခူးမြို့အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီ ၆ ရက်အထိ လူသတ်မှု(၁၆)မှုဖြစ်ပွားခဲ့ပြီး ယင်းကဲ့သို့ လူသတ်မှုများ များပြားလာနေသည့်အပေါ် ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယ ရဲမှူးကြီး စိန်မင်းထံသွားရောက်မေးမြန်း ခဲ့သော်လည်း ဖြေကြားပေးခဲ့ခြင်းမရှိပါ။
အထက်ဖော်ပြပါ ပဲခူးမြို့၊ မဇင်းရပ်ကွက်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုအား အမှတ်(၂)နယ်မြေရဲတပ်ဖွဲ့စခန်းက (ပ)၃၃၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားပြီး၊ ရပ်ကွက်ကြီး(၅)တွင် အသတ်ခံရသော အမှုအား အမှတ်(၃)နယ်မြေရဲတပ်ဖွဲ့စခန်းက (ပ)၂၆၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းလျက်ရှိကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပဲခူးမြို့၌ တစ်ရက်တည်းမှာပင် အမျိုးသမီး (၂)ဦး အသတ်ခံရမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:59
Rating: