အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ အင်တာနက်ဝက်ဆိုဒ် ကို ကွန်ပြူတာကျွမ်းကျင်သူ ဟက်ကာတွေ မနေ့က ထိုးဖေါက်ဝင်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထဲရေး၊ တရားရေးနဲ့ အလုပ်သမားရေးရာဝန်ကြီးဌာနတွေရဲ့ ကွန်ပြူတာဝက်ဆိုဒ်တွေလည်း အခုကြည့်ရှုလို့ မရပါဖူး။ ဖေါက်ထွင်းရေးသမား ဟက်ကာ တွေက ကာကွယ်ရေးဝန်ကြီးဌာနစာမျက်နှာတွေကို တရုတ်ဘာသာစကားလုံးတွေနဲ့ အစားထိုးခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဖေါက်ထွင်းခံရတာကို အိန္ဒိယကာကွယ်ရေးဝန်ကြီး Nirmala Sitharaman နီမလာ စီသာရာမန် က အတည်ပြုပြောဆိုပေမယ့် အစိုးရ အင်တာနက် ဆိုင်ဘာလုံခြုံရေးဌာန အကြီးအကဲကတော့ ဖေါက်ထွင်း ခံရတာ မဟုတ်ပါဖူး၊ Hardware စက်ချို့ယွင်းမှုပါ။ မကြာခင် ပြင်ဆင်ပြီးစီးသွားမှာပါလို့ ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
အိန္ဒိယဝန်ကြီးဌာနတွေ ဟက်ကာဖေါက်ထွင်းခံရ
Reviewed by THITHTOOLWIN
on
08:26
Rating: