လှိုင်မြစ်အတွင်း ရေယာဉ်နှစ်စီးတိုက်မိသဖြင့် တစ်စီးနစ်မြုပ်


ရန်ကုန်၊ ဧပြီ ၅

၅.၄.၂၀၁၈ ရက်နေ့ နံနက် ၁၀၅၀ နာရီအချိန်တွင် ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဆိပ်ကမ်းမြို့မရဲ စခန်းမှတပ်ဖွဲ့ဝင်များက လှိုင်မြစ်အတွင်း MIP ဆိပ်ကမ်းအနီး၌ ရေယာဉ်နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ပြီး တစ်စီးနစ်မြုပ်သွားကြောင်း သတင်းရရှိသဖြင့်
သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဘက်မှ ရေယာဉ်မှူး ဦးကျော်တင့် မောင်းနှင်လာသော ၀င်းပိုင်(၅) ဆီတင်တွဲရေယာဉ်နှင့် ဘုရင့်နောင်အောင်ဇေယျတံတားဘက်မှ ရေယာဉ်မှူး ဦးအောင်ဌေးလင်း မောင်းနှင်လာသော ကျောက်စရစ်တွဲ(၂)တွဲဆွဲလာသည့် ဓနလှိုင်(၃)၊ တွန်း ရေယာဉ်တို့ အလုံမြို့နယ်၊ ဦးမြငဇင်သမ္မာန် ဆိပ်ရှေ့ရေပြင်အရောက် မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဓနလှိုင်(၃)၊ တွန်းရေယာဉ်မှတွဲလာသည့် အလျား ၁၁၅ ပေ၊ အနံ ၃၈ ပေရှိ CB 395 ကျောက်စရစ်တွဲမှာ နစ်မြုပ်သွား ခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
လှိုင်မြစ်အတွင်း ရေယာဉ်နှစ်စီးတိုက်မိသဖြင့် တစ်စီးနစ်မြုပ် လှိုင်မြစ်အတွင်း ရေယာဉ်နှစ်စီးတိုက်မိသဖြင့် တစ်စီးနစ်မြုပ် Reviewed by THITHTOOLWIN on 16:44 Rating: 5
Powered by Blogger.