ရခိုင်က ရဲအရာရှိ ၃၀ လောက်ကို တာဝန်ပြောင်းရွှေ့မယ့် အမိန့်စာထုတ်ထားကြောင်း သတင်းတွေထွက်ပေါ်

စစ်တွေမြို့အဝင်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်က မြို့နယ်အသီးသီးမှာ တာဝန်ကျနေတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေအပါအဝင် ရဲအရာရှိ ၃၀ လောက်ကို တခြားတိုင်းနဲ့ပြည်နယ် အသီးသီးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အမိန့်စာ ထုတ်ပြန်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ ရဲအရာရှိတွေက ပြောပါတယ်။

အခုလိုပြောင်းရွှေ့ဖို့အတွက် ရဲချုပ်ရုံးက ဆောင်ရွက်တာဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းကမှ အမိန့်စာ ထုတ်ပြန်ခဲ့တာ လို့ သိရပါတယ်။

ပြောင်းရွှေ့ခံရတဲ့ ရဲအရာရှိတွေထဲဟာ ရဲမှူးနဲ့ ဒုရဲမှူး အဆင့်ရှိသူတွေဖြစ်ပြီး ဘာကြောင့်ပြောင်းရွှေ့ရတယ် ဆိုတာကို မသိရဘူးလို့ဆိုပါတယ်။

အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးကတော့ လတ်တလော ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ မငြိမ်သက်မှုတွေနဲ့ ဆက်နွယ်ပြီး အခုလိုပြောင်းရွှေ့ခံရတာလို့ သူ့အမြင်ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေဘက်က ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

RFA Burmese
https://www.rfa.org/burmese
ရခိုင်က ရဲအရာရှိ ၃၀ လောက်ကို တာဝန်ပြောင်းရွှေ့မယ့် အမိန့်စာထုတ်ထားကြောင်း သတင်းတွေထွက်ပေါ် ရခိုင်က ရဲအရာရှိ ၃၀ လောက်ကို တာဝန်ပြောင်းရွှေ့မယ့် အမိန့်စာထုတ်ထားကြောင်း သတင်းတွေထွက်ပေါ် Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.