တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မိုးကောင်း-ဖားကန့်လမ်းပိုင်း အတက်/အဆင်းကားများ ခေတ္တရပ်တန့်ထားရ
ဖားကန့် ဧပြီ ၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းရှိ မိုးကောင်း-ဖားကန့် လမ်းပိုင်းတွင် ဧပြီ၆ရက် နံနက်၆နာရီခန့်က နယ်မြေလုံခြုံရေးယူထားသည့် တပ်မတော်လှည့်ကင်းအဖွဲ့နှင့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မိုးကောင်း-ဖားကန့် ကားလမ်းပိုင်းအား ခေတ္တရပ်တန့်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးကောင်း-ဖားကန့် ကားလမ်းပိုင်းရှိ နန့်ယားကျေးရွာနှင့် နန့်တိမ်းကျေးရွာကြားရှိ ဖားကန့်မြို့နယ် ကာမိုင်းမြို့ ကပ်မှော်ဇွတ်ကျေးရွာအုပ်စု တံတားညီနောင်ကျေးရွာအနီးတွင် တပ်မတော်လုံခြုံရေးလှည့်ကင်းအဖွဲ့နှင့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဖားကန့်မှ မိုးကောင်းဖက်သို့ အဆင်းကားများအား နန့်တိန်းကျေးရွာတွင်လည်းကောင်း၊မိုးကောင်းမှ ဖားကန့်အတက်ကားများအား နန့်ယားကျေးရွာတွင်လည်းကောင်း နယ်မြေအခြေအနေအရ ခေတ္တရပ်တန့်ထားကာ လမ်းကြောင်းအခြေအနေကောင်းမွန်ပါက အတက်/အဆင်းကားများ ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မိုးကောင်း-ဖားကန့်လမ်းပိုင်း အတက်/အဆင်းကားများ ခေတ္တရပ်တန့်ထားရ
Reviewed by THITHTOOLWIN
on
19:35
Rating: