မြစ်ကြီးနား ဧပြီ ၆
မြစ်ကြီးနား- ဖားကန့်လမ်းတွင် မြန်မာ့တပ်မတော်နှင့်ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် ယာဉ်များဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း ယာဉ်မောင်းတစ်ဦးထံမှသိရသည်။
နန့်ယားနှင့် မအူပင်ကျေးရွာတို့တွင် ယာဉ်သွားလာခွင့် ပိတ်ပင်ထားခြင်းဖြစ်ကြောင်းသိရပြီး ယနေ့နံနက်ပိုင်းမှစတင်တားဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါလမ်းခရီးတွင် ပိတ်မိနေသည့် ခရီးသွား တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
"ကျွန်တော်တို့က ၁၁ နာရီလောက်မှ ရောက်တယ်။ နန့်ယားမှာလည်းပိတ်ထားတယ်။ မအူပင်မှာလည်း ပိတ်တယ်ပြောတယ်။ အခုထိတော့ မဖွင့်သေးဘူး။ ရှေ့ဆက်သွားလို့မရဘူး။'' ဟု ခရီးသွားတစ်ဦးကပြောသည်။
ယာဉ်သွားလာခွင့်ကို နံနက် ကိုးနာရီခန့်က စ၍ ပိတ်ပင်ခဲ့ ပြီး အချို့ကားများကို လုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ နောက်ကြောင်းပြန့်လှည့်ခိုင်းခဲ့ကြောင်းသိရသည်။
စည်သူ(မြစ်ကြီးနား)
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
ဖားကန့်လမ်းတွင် တိုက်ပွဲဖြစ်၍ ယာဉ်အစီး တစ်ရာခန့် ပိတ်မိနေ
Reviewed by THITHTOOLWIN
on
19:44
Rating: