တရုတ်ပြည်က သွင်းကုန်တွေအပေါ် ဒေါ်လာ ဘီလျံ၁၀၀ကျော် ထပ်တိုးပြီး အခွန်တွေတင်မယ်လို့ အမေရိကန်သမတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီးနောက် တရုတ်ဘက်ကလည်း ခုလိုကြမ်းကြုတ်မှုအတွက် တန်ပြန်ဘို့ အဆင်သင့်ဘဲလို့ တုန့်ပြန်ပါတယ်။
သမတဒေါ်နယ်ထရန်ကတော့ အမေရိကန်ဘက်က ဒီလုပ်ဆောင်ချက်ဟာ ထိခိုက်နာကျင်မှုတွေရှိနိုင်ပေမဲ့ အမေရိကန်နိုင်ငံကြီး ပြန်လည်အားကောင်းလာဘို့ဖြစ်တယ်လို့ ပြောဆိုပါတယ်။
တရုတ်ဘဏ္ဍာရေးဝန်ကြီးကတော့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ ကိုယ့်ခြေမကို ကိုယ်တိုင်ကျောက်တုန်းနဲ့ ထုနေတာဖြစ်တယ်လို့ပြောဆိုလိုက်ပြီး တရုတ်ဘက်က ဒီလုပ်ရပ်အပေါ်မှာ တုန့်ပြန်ဘို့ အဘက်ဘက်က အစီအစဉ်တွေရှိနေတယ်လို့ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က တရုတ်ဘက်က အမေရိကနိုင်ငံသွင်းကုန်၁၀၆မျိုးကို တန်ပြန်ပြီး အခွန်တိုးမယ်လို့ ကြေညာထားပါတယ် အဲ့ဒီမှာ အမဲသား၊ ပဲဘီစပ်စတဲ့အစားအသောက် များအပါအ၀င် လေယဉ်ပျံနဲ့ မော်တော်ကားတွေပါဝင်ပါတယ်။ အမေရိကန်ဘက်ကပြောနေတာကတော့ တရုတ်သွင်းကုန် ၁၃၀၀ကို ပစ်မှတ်ထားပြီး အခွန်များတင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
တရုတ်ပို့ကုန် အခွန်ငွေ ထပ်တိုးမယ်လို့ သမတ ထရမ့်ပြောကြား
Reviewed by THITHTOOLWIN
on
08:30
Rating: