တာချီလိတ်ခရိုင် ၊ ကျိုင်းလပ်မြို့တွင် အမဲလိုက်သွားသူက တူမီးသေနတ်ဖြင့် မှားယွင်းပစ်ခတ်သဖြင့် လူငယ်တစ်ဦး သေဆုံး
၂၀၁၈ ခုနှစ် ဧပြီလ(၄)ရက်နေ့ညနေ (၆)နာရီခန့်က ကျိုင်းလပ်မြို့၊ မိုင်းပါလျိုးကျေးရာအုပ်စု၊ ကျကကျေးရွာနှင့် ကော်မိုက်ဟုန်းကျေးရွာအကြား၊ ၀မ်မီးကောင်ရွာအရှေ့ဖက် တောတွင်း (၃)မိုင်ခန့်တွင် အမဲလိုက်သွားသူ က တူမီးသေနတ်ဖြင့် မှားယွင်းပစ်ခတ်သဖြင့် လူငယ်တစ်ဦးသေဆုံးမှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုင်းပါလျိုးရဲစခန်း၏ အနောက်တောင်ဘက်(၁၃)မိုင်ခန့်ကွာဝေးသော တောတွင်း တစ်နေရာတွင် အမဲလိုက်သွားသူ ကတူမီးဖြင့် မှားယွင်းပစ်ခတ်သဖြင့် လူငယ်တစ်ဦးသေဆုံးနေကြောင်းကိုမိုင်းပါလျိုးနယ်မြေရဲစခန်းမှ ယနေ့ဧပြီလ(၅)ရက်မနက်(၇)နာရီခန့်တွင် သိရှိရသဖြင့် မိုင်းပါလျိုး ရဲစခန်းမှူးရဲအုပ်မြင့်စိုးအောင်၊နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်မြင့်မြတ်နှင့် နမ့်ခင်း အုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ချစ်ထွေး၊ ကော်မိုက်ဟုန်းရွာသူကြီးတို့သည် အဆိုပါတောတွင်းနေရာသို့ သွားရောက်စစ်ဆေးရာ ကော်မိုက်ဟုန်းရွာနေမောင်အားဒယ်(၂၅)နှစ်သည် တောတွင်းတွင်နောက်ကျောမှ တူမီးသေနတ်ခဲသီး(၁၈)လုံးထိမှန်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးနေပြီး ၊
တူမီးသေနတ်မှာ သေသူအလောင်းအနီး တွင် တွေ့ရှိရကြောင်း သိရသည်။
တူမီးသေနတ်ဖြင့် ပစ်ခတ်သူမှာ ကော်မိုက်ဟုန်းကျေးရွာနေ ဦးပါသီး(၄၂)နှစ် (အဘ - ဦးအိုက်ပန်း)ဖြစ်ကြောင်း သိရှိရသဖြင့် မိုင်းပါလျိုးစခန်းမှူးနှင့် အဖွဲ့သည် တူမီးသေနတ်ဖြင့် ပစ်ခတ်သူဦးပါသီးအားလိုက်လံရှာဖွေရာဦးကျလော ရာဘာစိုက်ခင်းအတွင်းပုန်းအောင်းနေသည်ကိုတွေ့ရှိရသဖြင့် ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
သို့ဖြစ်၍ မောင်အားဒယ် အား တူမီးသေနတ်ဖြင့် ပစ်ခတ်သူ ဦးပါသီး(၄၂)နှစ် အား မိုင်းပါလျိုးနယ်မြေရဲစခန်းမှ တရားဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဓါတ်ပုံ- မိုင်းပါလျိုးရဲတပ်ဖွဲ့ + ကျိုင်းလပ်ထွေ/အုပ်
https://www.facebook.com/TachileikDistrictGAD/
တာချီလိတ်ခရိုင် ၊ ကျိုင်းလပ်မြို့တွင် အမဲလိုက်သွားသူက တူမီးသေနတ်ဖြင့် မှားယွင်းပစ်ခတ်သဖြင့် လူငယ်တစ်ဦး သေဆုံး
Reviewed by THITHTOOLWIN
on
17:55
Rating: