ဖားကန့်-ကာမိုင်းလမ်းတွင် အတက်အဆင်းယာဉ်များ ပိတ်မိနေသော ခရီးသည်တင်ယာဉ်များစတင်လမ်းပွင့်


မြစ်ကြီးနား၊ ဧပြီ ၆

မြန်မာ့တပ်မတော်နှင့်ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် ဖားကန့်-ကာမိုင်းလမ်းတွင် အတက်အဆင်းယာဉ်များ ပိတ်မိနေသော ခရီးသည်တင်ယာဉ်များ စတင်လမ်းပွင့်ပြီ ဖြစ်ကြောင်းယာဉ်မောင်းတစ်ဦး ထံမှ သိရသည်။

ဖားကန့်-ကာမိုင်းလမ်း၏ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ တံတားညီနောင်ကျေးရွာတွင် လမ်းလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား ယနေ့မနက် ၅ နာရီ ၃၀ ခန့်၌ ကေအိုင်အေလက်နက်ကိုင်အဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဖားကန့် အတက်အဆင်းယာဉ်များ ကြောက်လန့်ပြီး ရပ်တန့်ပိတ်မိလျက်ရှိရာ ယနေ့မွန်လွဲ(၁)နာရီ(၄၅)မိနှစ်အချိန်ခန့်တွင် စတင်လမ်းပွင့်သွားပြီဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။

အဆိုပါ ဖားကန့်-ကာမိုင်းလမ်း၏ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး နန့်ယားနယ်မြေခံတပ်နှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့များ တစ်ကြိမ်လျှင်(၁၀)စီးနှုန်း ကြပ်မတ် စေလွှတ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

လွမ်းအောင်/EPN
https://www.facebook.com/epngnews/
ဖားကန့်-ကာမိုင်းလမ်းတွင် အတက်အဆင်းယာဉ်များ ပိတ်မိနေသော ခရီးသည်တင်ယာဉ်များစတင်လမ်းပွင့် ဖားကန့်-ကာမိုင်းလမ်းတွင် အတက်အဆင်းယာဉ်များ ပိတ်မိနေသော ခရီးသည်တင်ယာဉ်များစတင်လမ်းပွင့် Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.