မိုးကောင်းမြို့တွင် အရက်မူးနေသူက ဓားဖြင့်ခုတ်ရာမှ ဓားခုတ်ခံရသူ သေဆုံးမှု ဖြစ်ပွား


မိုးကောင်း ဧပြီ ၆

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဧပြီ၆ရက် ညနေ၄နာရီခွဲက လက်တွန်းလယ်ထွန်စက်ဖြင့် သဲတိုက်လာသူအား အရက်မူးနေသူက ဓားဖြင့်ခုတ်ရာမှ ဓားခုတ်ခံရသူ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်နေ မောင်ရီ(၃၃)နှစ်သည် လက်တွန်းလယ်ထွန်စက်ဖြင့် သဲများတင်ဆောင်၍ နေအိမ်သို့မောင်းနှင်လာစဉ် တစ်ရပ်ကွက်တည်းနေ ဆံဖေ(၅၆)နှစ်မှ အရက်မူးပြီး အရိုး/အသွား ၂ ပေ ၈ လက်မခန့်ရှိ ကိုင်းခုတ်ဓားမဖြင့်ခုတ်ရာမှ မောင်ရီတွင် ယာဘက်ရင်အုံနှင့်လက်ဖျံအတွင်းပိုင်း၌ ပြတ်ရှဒါဏ်ရာတစ်ချက်စီရရှိပြီး မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသခံယူစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှုကျူးလွန်သူ ဆံဖေအား မိုးကောင်းမြို့မရဲစခန်းတွင် (ပ)၇၂/၂၀၁၈၊အမှုကြီးအမှတ်စဉ်(၆/၂၀၁၈)ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media

မိုးကောင်းမြို့တွင် အရက်မူးနေသူက ဓားဖြင့်ခုတ်ရာမှ ဓားခုတ်ခံရသူ သေဆုံးမှု ဖြစ်ပွား မိုးကောင်းမြို့တွင် အရက်မူးနေသူက ဓားဖြင့်ခုတ်ရာမှ ဓားခုတ်ခံရသူ သေဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 09:27 Rating: 5
Powered by Blogger.