အမေရိကန်မှာ ပညာဆည်းပူးမယ့် ကျောင်းသားတွေရဲ့ ဗီဇာကြေး ၄ ဆခန့် တိုးမြှင့်မည်


အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ကြားမယ့် မြန်မာကျောင်းသားတွေရဲ့ ပြည်ဝင်ခွင့် ဗီဇာကြေးကို လေးဆနီးပါး တိုးမြှင့်တော့မယ်လို့ သိရပါတယ်။

အမေရိကန်မှာ ပညာသင်ကြားမယ့် မြန်မာကျောင်းသားတစ်ဦးရဲ့ တစ်နှစ်ဗီဇာကြေးကို အရင်က ဒေါ်လာ ၁၆၀ ပဲ ပေးသွင်းခဲ့ကြရပေမယ့် အခုလာမယ့် ဧပြီလ ၉ ရက်နေ့ကစလို့ ဒေါ်လာ ၆၄၀ တိုးမြှင့်ပေးသွင်းရတော့မှာ ဖြစ်ပါတယ်။

မြန်မာကျောင်းသားတွေအနေနဲ့ အရင်က အမေရိကန်မှာ ပညာသွားသင်ရင် တက္ကသိုလ်လေးနှစ်စာအတွက် ဗီဇာကြေး ဒေါ်လာ ၆၄၀ ပဲ ကုန်ကျမှုရှိခဲ့ပေမယ့် အခုတိုးမြှင့်လိုက်တဲ့နှုန်းထားအရ ဒေါ်လာ ၂၄၀၀ အထိ တိုးမြှင့်လိုက်တာဖြစ်ပါတယ်။

မြန်မာကျောင်းသား အတော်များများကတော့ အခုလို ဗီဇာကြေးတိုးမြှင့်လိုက်မှုအပေါ် မကျေနပ်ကြဘူးလို့ သိရပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုကို နိုင်ငံခြားသား အကြမ်းဖက်သမား ဝင်ရောက်မှုကာကွယ်ရေးဆိုင်ရာ ပြင်ဆင်ချက်အမိန့်နဲ့ ကိုက်ညီအောင် တိုးမြှင့်ရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း သမ္မတထရမ့် စတင်ထုတ်ပြန်ခဲ့တဲ့ အဲဒီအမိန့်ဟာ မွတ်စလင်နိုင်ငံတချို့ကို ပစ်မှတ်ထားပြီး ပြည်ဝင်ခွင့်ပိတ်ပင်မှုအဖြစ် ပြစ်တင်ဝေဖန်မှုတွေ အများအပြားပေါ်ပေါက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အမေရိကန်မှာ ပညာဆည်းပူးမယ့် ကျောင်းသားတွေရဲ့ ဗီဇာကြေး ၄ ဆခန့် တိုးမြှင့်မည် အမေရိကန်မှာ ပညာဆည်းပူးမယ့် ကျောင်းသားတွေရဲ့ ဗီဇာကြေး ၄ ဆခန့် တိုးမြှင့်မည် Reviewed by THITHTOOLWIN on 22:28 Rating: 5
Powered by Blogger.