၁၂.၄.၂၀၁၈ ရက်နေ့၊ (၁၀း၃၀)အချိန်ခန့်တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၊ မန္တလေးလမ်း၊ အမှတ်(၃၉၅)တွင် အကျယ်အ၀န်း(၃၀×၄၀)ပေ RC (၁)ထပ်ရှိ (၃)ခန်းတွဲအိမ်သာ၏ အနောက်ဘက် အကျယ်အ၀န်း (၁၀×၁၀×၅)ပေရှိ အိမ်သာကျင်းထဲမှ မိလ္လာများအား အမျိုးသား(၃)ဦးဆင်းပြီး ခပ်ထုတ်ရာမှ အောက်ဆီဂျင်ပြတ်လပ်၍ သတိလစ်သေဆုံးနေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၏ သတင်းထုတ်ပြန်မှုအရ သိရပါသည်။
အဆိုပါ သေဆုံးမှုအား မီးသတ်တပ်ဖွဲ့ မှ (၁၀း၅၅)အချိန် သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးသန်းထိုက်အောင် ဦးဆောင်၍ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး၊ အရန်(၄)ဦးတို့ဖြင့် သွားရောက်ဆယ်ယူရာ (၁၁း၄၀)အချိန်တွင် အလုပ်သမား (၃)ဦးလုံး သေဆုံးလျှက် ထုတ်ယူနိုင်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ရွှေသံလျင်နာရေးကူညီမှုအသင်း(ဒဂုံ)မှ နိဗ္ဗာန်ယာဉ်(၃)စီးဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။
သစ်ထူးလွင်
အိမ်သာကျင်းထဲ မိလ္လာများ ခပ်ထုတ်ရာမှ အောက်ဆီဂျင်ပြတ်လပ်၍ (၃)ဦး သေဆုံး
Reviewed by THITHTOOLWIN
on
18:23
Rating: