ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်


၅.၄.၂၀၁၈ရက်​​နေ့၊ ၁၄း၀၅ အချိန်​ခန့်​တွင်​၊ မ​ကွေးတိုင်း​ဒေသကြီး၊ သရက်​ခရိုင်​၊ မင်းလှမြို့နယ်​၊ မန်းသံပုရာကန်​​ကျေးရွာ၊ မ​ကွေး-မင်းလှ ကားလမ်း၊ မန်းသံပုရာကန်​ ​ရေနံချက်​စက်​ရုံအနီးတွင်​ ​မောင်းနှင်​လာ​သော ခရီးသည်​တင်​ယာဉ်​သည်​ မ​ကွေးမြို့နယ်​ဘက်​မှ မင်းလှမြို့နယ်​ဘက်​သို့ ​မောင်းနှင်​လာစဉ်​ ကား​နောက်​စက်​ခန်းအတွင်း အင်​ဂျင်​အပူလွန်​ကဲရာမှ ၀ါယာကြိုးများ ​ပေါက်​ပြဲထိမိ၍ မီး​လောင်​မှုဖြစ်​ပွားခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

အဆိုပါမီးလောင်မှုအား ၁၄း၀၇ အချိန်​တွင်​ သတင်းရရှိသဖြင့်​ မင်းလှမြို့နယ်​ မီးသတ်​စခန်းမှ မီးငြှိမ်းသတ်​ယာဉ်​(၁)စီး၊ မီးသတ်​​ရေသယ်​ယာဉ်​(၁)စီး၊ မန်းသံပုရာကန်​ ​ရေနံချက်​စက်​ရုံမှ မီးငြှိမ်းသတ်​ယာဉ်​(၂)စီး၊စုစု​ပေါင်းမီးသတ်ယာဉ်(၄)​​​စီး၊ သန္ဓေ(၁၅)ဦး၊ သီးသန့်​တပ်​ဖွဲ့ဝင်​ (၁၈)ဦးတို့ဖြင့်​ သွား​ရောက်​ငြှိမ်းသတ်​ခဲ့ရာ ၁၄း၂၅ အချိန်​ မီးငြိမ်းပါသည်​။ မီး​လောင်​မှု​ကြောင့်​ လူထိခိုက်​ဒဏ်​ရာရရှိမှုမရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ခရီးသည်တင်ယာဉ်တစ်စီး မီးလောင် ခရီးသည်တင်ယာဉ်တစ်စီး မီးလောင် Reviewed by THITHTOOLWIN on 18:02 Rating: 5
Powered by Blogger.