ဘောလီးဝုဒ်မင်းသား ဆယ်လမန်ခန်း ထောင်ကျ

 ဘောလိဝုဒ် မင်းသား ဆယ်လမန် ခန်း
အိန္ဒိယ ဘောလီးဝုဒ် က အကျော်အမော် မင်းသား ဆယ်လမန် ခန်း ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ က ရှားပါးသမင်မျိုး တွေကိုသတ်ခဲ့မှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။

နိုင်ငံ အနောက်ပိုင်း ရာဂျစသန် ပြည်နယ်မှာ ရုပ်ရှင်ရိုက်ကူးစဉ် ထိန်းသိမ်းစောင့်ရှောက်ခံမျိုးစိတ်မှာ ပါတဲ့ သမင် နှစ်ကောင်ကို ခိုးယူ သတ်ဖြတ်မှု နဲ့ သူ့ကို အပြစ်ချခဲ့တာ ဖြစ်ပါတယ်။

ဂျော့ဒ်ပူ မြို့ တရားရုံးရှေ့ကို လာကြတဲ့ သူ့ပရိသတ်တွေကို ထိန်းသိမ်းနိုင်ဖို့ ရာနဲ့ချီတဲ့ ရဲတွေကို ချထားပါတယ်။

သူ့အနေနဲ့ အယူခံ ဝင်နိုင်ပါတယ်။

သူ့လောက်မကြီးလေးတဲ့ အမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရတဲ့ တခြား သရုပ်ဆောင် လေးယောက်ကိုတော့ တရားသေ လွှတ်ခဲ့ပါတယ်။
ရှားပါး သမင်ကို သတ်လို့ ထောင်ကျ
၂ဝ၁၅ ဒီဇင်ဘာ တုန်းကလည်း အိမ်ခြေရာမဲ့ တယောက် သေဆုံးအောင် ကားတိုက်ခဲ့မှုကနေ ဆယ်လမန်ခန်း လွတ်သွားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဘောလီးဝုဒ်မင်းသား ဆယ်လမန်ခန်း ထောင်ကျ ဘောလီးဝုဒ်မင်းသား ဆယ်လမန်ခန်း ထောင်ကျ Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.